ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က Covid-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ မတ် - ၁
ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။
ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၈၀ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန် များ၊ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊RDTနည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 Comments