ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်

 


နေပြည်တော်   ဖေဖော်ဝါရီ   ၂၄

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင်  ဆွမ်းအဆင်ပြေစေရေး အတွက်    တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက    တိုင်းစစ်ဌာနချုပ်များ အလိုက်မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့်  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို    ဆောင်ရွက်လျက် ရှိသည်။



ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ကွန်ဟိန်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းပြည်နယ်၊ ကလေးမြို့၊ မန္တလေးတိုင်း ဒေသကြီး၊  အောင်မြေသာစံမြို့နယ်၊ပုသိမ်ကြီးမြို့နယ်၊   အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် ဘာသာရေးကျောင်း စုစုပေါင်း ၂၅ ကျောင်းသို့ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ကချင်ပြည်နယ်၊  ပူတာအိုမြို့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ချင်းပြည်နယ်၊ ကလေး မြို့၊  မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊  ပြည်ကြီးတံခွန်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် စာသင်တိုက် စုစုပေါင်း ၂၅ ကျောင်းရှိ သံဃာတော်များနှင့်  သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တာဝန်ရှိသူများကသွားရောက်၍   ဆက်ကပ်လှူဒါန်းကြသည်။

၎င်းးအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၊ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က ဆရာတော် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။                        

Post a Comment

0 Comments