ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည် နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်



နေပြည်တော်  ဖေဖော်ဝါရီ   ၂၄

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ပြန်လည်နေထိုင်နိုင်ရေး အတွက် ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်   အမ်း-စစ်တွေ   ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက်နှင့် အငူမော်၊ ခမောင်းဆိပ် ကျေးရွာသွားလမ်းများအား တပ်မတော်သားများက   မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                          

Post a Comment

0 Comments