ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတင်း ထုတ်ပြန်ချက်

 


၂ဝ၂၁ ခုနှစ်၊  ဖေဖော်ဝါရီလ  ၂၇  ရက်

၁။      ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၏ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့သည်။

၂။      စစ်ဆေးတွေ့ရှိချက်များအရ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ယခင်ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၉၄၁၅၃ ဦးဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၇၇၂၂ဝ ဦးဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၇၆ဝ၅ ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၇၂၄ ဦး၊ ၂ ကြိမ်ပါဝင်နေသူများမှာ ၈၉၃၄ ဦးဖြစ်သည်။

၃။      မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ယခင်ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၂၄၂၁၉၉ ဦးဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၂၁၂၆၈၈ ဦးဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၂၃၁၁၂ ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် တစ်ခုတည်းဖြင့်မဲစာရင်းတွင် ၃ ကြိမ်နှင့် အထက် ပါဝင်နေသူများမှာ ၃၄၂၁ ဦး၊ ၂ ကြိမ်ပါဝင်နေသူများမှာ ၃၂၉၉၈ ဦးဖြစ်သည်။

၄။      မြို့နယ်အလိုက် စစ်ဆေး တွေ့ရှိချက်မှာ အောက်ပါအတိုင်းဖြစ်သည်-



Post a Comment

0 Comments