၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ
ဆောင်ရွက်လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင်
အင်အား၂၀၀၀ ဦးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့တွင် အင်အား
၂၀၀ ဦးဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊
ကံမမြို့တွင် အင်အား ၂၇၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင်
အင်အား ၃၅၀ ဦးဖြင့် လည်းကောင်း၊ သာယာဝတီမြို့တွင် အင်အား ၅၅၀ ဦးဖြင့်လည်းကောင်း၊ သဲကုန်းမြို့တွင်
အင်အား ၃၀၀ ဦးဖြင့်လည်းကောင်း၊ ပေါင်းတည်မြို့တွင် အင်အား ၁၀၀ ဦးဖြင့် လည်းကောင်း၊
ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် အင်အား ၂၀၀၀ ဦးတို့ဖြင့် လည်းကောင်း အသီးသီး
ပြုလုပ်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ ဆောင်ရွက်လျက်ရှိသည့်
မြန်မာ့တပ်မတော်အားထောက်ခံ
ပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆိုထောက်ခံပါသည်၊ ဥပဒေနှင့်အညီ
ဖွဲ့စည်းထားသည့့် UEC အသစ်အား ကြိုဆိုပါသည်၊ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး
ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ်အလိုမရှိ၊
အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော မြန်မာ့တပ်မတော်အား
ထောက်ခံပါသည်၊ တပ်မတော်နှင့်ပြည်သူသွေးခွဲသူဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော
ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ပေးမည့်တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။
အများပြည်သူများအနေဖြင့်
တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှု ဖြစ်စဉ်များအပေါ် ရွေးကောက်ပွဲကော်မရှင် တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူများမှ ထောက်ခံသည့်
ဆန္ဒဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
0 Comments