မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား တပ်မတော်မှ စစ်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့

 

 


နေပြည်တော်   ဖေဖော်ဝါရီ  ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများ အနေ ဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း၊ အဆိုပါပြည်ပရောက် မြန်မာနိုင်ငံ သားများအား အမြန်ဆုံး ပြန်လည်ခေါ် ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး၌    လမ်းညွှန်မှာကြားခဲ့သဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယခင်ကာလကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော်မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့သည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ လူမွတ်(Lumut) ရေတပ်ဆိပ်ကမ်းသို့ စတင် ထွက်ခွာခဲ့သည်။





မြန်မာ့တပ်မတော်မှ စစ်ရေယာဉ် သုံးစင်းသည် မလေးရှားနိုင်ငံ လူမွတ်(Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံသား ၁ဝ၈၆ ဦးအား မလေးရှားနိုင်ငံ တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံရယူပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အဝတ်အစား အသုံးအဆောင်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကာ လမ်းခရီးစဉ် တစ်လျှောက်တွင်လည်း လုံခြုံရေး၊ စားသောက် နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။



အဆိုပါ မလေးရှားနိုင်ငံတွင်ရောက်ရှိ နေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲဖြစ်ပေါ်နေသူများအား ယခင်အစိုးရလက်ထက်တွင် ခေါ်ယူရန် တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့သည့်အတွက် ခေါ်ယူမှုမအောင်မြင် ခဲ့ဘဲ ယခုမှသာ အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ထိုသို့ခေါ်ယူရာတွင်လည်း ခေါ်ယူမှုမအောင်မြင်စေရန် မလိုလား၊ မနှစ်သက်သူများက အကြောင်းအမျိုးမျိုး ဟန့်တား နှောင့်ယှက်ခဲ့သော်လည်း  မြန်မာနိုင်ငံသား တိုင်းရင်းသားများအတွက် တပ်မတော်၏မဆုတ်မနစ် ဇွဲလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ် ဆိပ်ကမ်းသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့သည်။





အောင်မြင်စွာ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား တိုင်းရင်းသားများကို ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အလယ်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက အတီးအမှုတ် အကအခုန်များဖြင့် နွေးထွေး လှိုက်လှဲစွာလာရောက်ကြိုဆိုကြသည်။ ထိုသို့ မြန်မာနိုင်ငံသားများ ဝမ်းပန်းတသာ ပြန်လည်ရောက်ရှိမှုများကို ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊  ပြည်တွင်းရုပ်မြင်သံကြား သတင်ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာနများမှ သတင်းထောက်များ လာရောက်သတင်းရယူကြသည်။







ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားများအား တပ်မတော်မှ ဖွင့်လှစ်ထားရှိသော  Quarantine  Center  များတွင် COVID-19 စည်းကမ်းများနှင့်အညီစနစ်တကျ စောင့်ကြည့်ထားရှိပြီးနောက် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံသို့  လွှဲပြောင်းပေးသွားမည် ဖြစ်ပြီး နေရပ်ပြန်နိုင်ရေးအတွက်   သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့်ဆက်သွယ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့်  အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုလည်း   သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားများ အမိမြေသို့ ဝမ်းပန်းတသာ အောင်မြင်စွာ ရောက်ရှိခဲ့မှုအပေါ် ယခုလိုပဲကြားသိရပါတယ်--









''ကျွန်မနာမည်က ရီရီလွင်ဖြစ်ပါတယ်။ အသက်က ၂၅ နှစ်ရှိပါပြီ။ ရခိုင်ပြည်နယ် မင်ပြားမြို့နယ် မင်းလုံးကျေးရွာမှာ နေပါ တယ်။ ဆင်းဆင်းရဲရဲ ခံရတာတော့ အများကြီး ပါပဲ။ ကလေးအမေတွေ တအားခံရတယ်။ကလေးအမေတွေက ကလေးအတွင်းခံတွေ တောင်းတယ်။ ဒါပေမဲ့ သူကမပေးဘူး။ဆဲတယ်။ နှိပ်စက်တယ်။ ဒီဇင်ဘာ ၂၈ ရက် နေ့ကဆိုရင် ယောကျ်ားတွေကို တအားနှိပ် စက်နေတာ မကြည့်ရဲဘူး။ မြန်မာတွေကို နှိပ်စက်တယ်။ စိတ်ဆင်းရဲမှုဆိုရင် ကိုယ့် ကိုယ်ကိုယ် သတ်သေချင်စိတ်  ဖြစ်မိတယ်။တကယ်ပြောတာ။ အမေအဖေတွေနဲ့ အဆက် အသွယ်မရဘူး။ အခုချိန်ထိလည်း အဆက် အသွယ်မရသေးဘူး။ ရန်ကုန်ရောက်ရင်တော့ ဆက်သွယ်ရမယ်တဲ့။ ကိုယ်ပြန်လာရတာ ပျော်ပေမယ့် ကျန်ခဲ့တဲ့လူတွေ အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူတို့ကိုလည်းပြန်ခေါ် စေချင်တယ်။ သူတို့ဆိုရင် ငိုနေကြတယ်။ စာတွေကို သူတို့ရေးပြီး ထည့်ပေးလိုက်ကြတယ်။ အကူအညီတောင်းကြတယ်။ တခြား နိုင်ငံ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ဆီကလူတွေ  စာရွက်တွေရေးပြီးတော့ ထည့်ပေးလိုက်တာ စာအိတ်

တစ်လိပ်ကြီးရှိတယ်။ ကျွန်မ ရန်ကုန်ရောက် လို့ရှိရင် သူတို့တောင်းတဲ့ အကူအညီကို လုပ်ပေးပါမယ်ရှင့်။ တပ်မတော်က ကျွန်မတို့ကို ကြိုဆိုတာ တအားနွေးထွေးမှု ရှိပါတယ်။ ကျွန်မအဖေလောက်ရှိတဲ့ ဦးလေးက သမီး အပေါ်တက်ရင် ဖြေးဖြေးတက်နော်။ သူတို့ပြောတဲ့ စကားသံကြားရတော့ ကျွန်မက မြန်မာစကားသံ မကြားရတာကြာတော့ ကိုယ့် ရင်ထဲမှာ တအားလည်းခံစားရတယ်။ ဝမ်းလည်းနည်းတယ်။ တအားလည်း နွေးထွေးမှုရှိတယ်။ ဒီက အစားအသောက်တွေဆိုရင်လည်း အဆင်ပြေတယ်။ ဟိုတနေ့ကဆိုရင် မုန့်ဟင်းခါးကျွေးတာ တအားကောင်းတယ်။မစားရတာကြာတော့ အရသာရှိပြီး တအား ကောင်းတယ်။  အခုလိုကျွေးတဲ့အတွက်  ကျေးဇူးလည်း အထူးတင်ပါတယ်။ အဖေ အမေနားမှာဘဲ ဘယ်မှမသွားတော့ဘဲ အိမ် မှာပဲမိဘနဲ့အတူ မိဘတွေလုပ်တဲ့ အလုပ်ကို လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ ဘယ်မှလည်း မသွားတော့ပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်''ဟု ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းလုံးကျေးရွာနေ မရီရီလွင် ကပြောသည်။ 

''အတိုင်းအဆမသိ အရမ်းဝမ်းသာပါ တယ်ခင်ဗျာ။ မြန်မာနိုင်ငံကို  အခုလိုခြေချ ခွင့်ရတဲ့ အတွက်ကြောင့် အရမ်းဝမ်းသာပါ တယ်ခင်ဗျာ။

ကျွန်မသားလေးကို သေပြီလို့ အောက်မေ့ထားတာပါ။ ကိုဗစ်အတွင်းမှာ ရှစ်လအဖမ်း ခံထားရတယ်။ ကျွန်မမှာ စိတ်တွေမအေးရ ဘူး။  ညတွေဆို   အိပ်လို့လည်း မပျော်ဘူး။

အဲဒါနဲ့   စစ်သင်္ဘောနဲ့  ခေါ်တယ်ဆိုတော့ ကျွန်မ Line ပေါ်မှာတွေ့တော့ အကုန် save

ပြီးတော့ အကုန်ဖတ်ကြည့်တယ်။ အဲဒါတောင် မယုံသေးဘူး။  မလေးမှာရှိတဲ့ တူမတွေကို

လှမ်းမေးတယ်။  သူတို့ကို  ပိုက်ဆံမပေးလို့ ငါ့သားလေး မလွတ်တာလားပေါ့။ တူမတွေက ပြောတယ် မဟုတ်ပါဘူး လေးလေးရယ်တဲ့။

သူတို့လည်း ပေးပါတယ်။ ဒါပေမဲ့လည်း မရဘူးပေါ့။ အဲဒါနဲ့ စစ်သင်္ဘောနဲ့ ပါလာပြီဆိုပြီး Line ကနေ လှမ်းပြောတယ်။ အဲဒါနဲ့ သတင်းမှာလည်း တွေ့တယ်။ ကြည့်တော့တွေ့တယ်။ 

ထမင်းစားနေတာတွေ့တယ်။ ၂၅ ရက်နေ့က တွေ့လိုက်တာလေ။ ရင်ထဲမှာ ဘယ်လိုဖြစ်

သွားမှန်းမသိဘူး။ အရမ်းလည်း ဝမ်းသာပါတယ်။  တပ်မတော်ကိုလည်း ကျေးဇူးအရမ်း

တင်ပါတယ်။

ကျွန်တော်လည်း    အတိုင်းအဆမရှိ ဝမ်းသာပါတယ်။ ကျွန်တော်တို့  ကျန်ခဲ့တဲ့ လူတွေအတွက်ကိုလည်း ပြန်ခေါ်နိုင်ပါစေလို့ ဆုတောင်းနေမိပါတယ်။ တပ်မတော်ကြီးကို အရမ်းလည်း ကျေးဇူးတင်မိပါတယ်''ဟု ပြန်လည်ဆုံတွေ့ခွင့်ရ သားအမိနှစ်ဦးက ပြောသည်။



''ကျွန်မလည်း အရမ်းကို ဝမ်းသာပါတယ်။ လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းသာပါတယ်။ ဘယ်လို

ပြောရမှန်းကို   မသိဘူး။  ဘယ်လိုဝမ်းသာရမှန်း မသိတော့ဘူး။ အတိုင်းထက်ကို လွန်ပြီး

ဘယ်လိုပြောရမှန်း မသိအောင်   ဝမ်းသာပါ တယ်။   ကျွန်မတို့မိသားစုလည်း   မတွေ့ရ

တော့ဘူးလို့   ထင်ထားတာ။   ကျွန်မတို့မှာ မိသားစုလေး သုံးယောက်ပဲရှိတာမှ သားအမိ

လေးနှစ်ယောက်ပဲ ကျန်ခဲ့တာ။

အရမ်းကို ကျေးဇူးတင်ပါတယ်။ ပြန်ရမယ်လို့ မမျှော်လင့်ထားဘူး။ မမျှော်လင့်ထား

ဘဲနဲ့   ပြန်ရတဲ့အတွက်   အရမ်းဝမ်းသာပါတယ်။  ဂုဏ်ယူမိပါတယ်။  အားလုံးလည်း အဆင်ပြေပါတယ်။ အားလုံးချောချောမွေ့မွေ့ နဲ့ ဘာအခက်အခဲမှ မရှိဘဲ လှိုက်လှိုက်လှဲလှဲနဲ့  အားလုံးကလည်း ကြိုဆိုတယ်။  အစားအသောက် အနေအထိုင် အသွားအလာက အစ အားလုံး အဆင်ပြေပါတယ်။  ကျန်းမာရေးကအစ    အားလုံး အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ''ဟု ပြန်လည်ဆုံတွေ့ခွင့်ရ သားအမိနှစ်ဦးက ပြောသည်။

''မြန်မာနိုင်ငံသားအားလုံး  ၁ဝ၈၆  ဦး ဖြစ်ပါတယ်။  သူတို့ကို  သင်္ဘောပေါ်မှာပဲ ကိုယ်ရေး အချက်အလက်တွေ   ကောက်ပါတယ်။ ကောက်ပြီးတော့ နေရပ်ပြန်ဖို့အတွက်    သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။

တကယ်လို့    သူတို့နေရပ်ပြန်တဲ့အခါမှာ သက်ဆိုင်ရာဒေသတွေမှာ နိုင်ငံသား စိစစ်ရေး

ကတ်ပြား ပျောက်ဆုံးတယ်ဆိုရင် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။ 

သူတို့အလွယ်တကူ ပြန်လို့ရအောင်လည်း လိုအပ်တဲ့ ထောက်ခံစာတွေ  ဆောင်ရွက်ပေး

သွားမှာဖြစ်ပါတယ်ခင်ဗျ။  ဒီလိုကာလဖြစ်တဲ့   သဘာဝ ဘေးအန္တရာယ်နဲ့  ကြုံတွေ့နေရတဲ့ အချိန်မှာနေရပ်ပြန်ဖို့ အင်မတန် အခက်အခဲ ဖြစ်နေတာဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်မှာ တပ်မတော်က သွားရောက်ခေါ်ဆောင်ပေးတဲ့ အပေါ်မှာလည်း    မြန်မာနိုင်ငံသား အားလုံး   ပျော်ရွှင်ဝမ်းမြောက်နေကြတယ် ဆိုတာ ကြားသိရပါတယ် ခင်ဗျ''ဟု ဦးမင်းဆွေ (ဒုတိယညွှန်ကြားရေးမှူး)  အနောက်ပိုင်း ခရိုင်ဦးစီးမှူး(ရန်ကုန်)ကပြောသည်။

''တပ်မတော်(ရေ)၏ ဗျူဟာစစ်ရေယာဉ်စု ဆိပ်ခံတံတားပေါ်   ရောက်ရှိနေတာဖြစ်ပါ

တယ်။ ဒီနေ့အခမ်းအနားကတော့ မလေးရှားနိုင်ငံကနေ    မြန်မာအလုပ်သမားတွေကို တပ်မတော်(ရေ)က စစ်ရေယာဉ်သုံးစင်းနဲ့ ပြန်လည် ခေါ်ဆောင်လာတာကို ကျွန်တော့်

အနေနဲ့   ဒီအခမ်းအနားကို  တက်ရောက်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်

အနေနဲ့ကတော့ မြန်မာနိုင်ငံကနေ ပြည်ပကို  အလုပ်သွားလုပ်တဲ့ သူတွေကို ဒီလိုမျိုး အရေအတွက် အများဆုံးနဲ့ ပထမဦးဆုံးအကြိမ် ခေါ်ဆောင်တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ကျွန်တော့်  အနေနဲ့ လေ့လာသိရှိ ရပါတယ်။ ဒီခရီးစဉ်မှာကတော့ စုစုပေါင်း မြန်မာတိုင်းရင်းသား လူမျိုး ၁ဝ၈၆ ဦးကို ပြန်လည်ခေါ်ဆောင် လာတယ်လို့  သိရပါတယ်။ တပ်မတော် (ရေ)ရဲ့ စစ်ရေယာဉ်တွေကတော့ စစ်ရေယာဉ်(မုတ္တမ)၊  စစ်ရေယာဉ်(ဆင်ဖြူရှင်)နဲ့  ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)တို့ ဖြစ်ကြောင်း  ကျွန်တော့်အနေနဲ့  လေ့လာတွေ့ရှိရပါတယ်။  ဒီလိုမျိုး  မြန်မာနိုင်ငံက သွားရောက်တဲ့ အလုပ်သမားတွေကို အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာ အခက်အခဲဒုက္ခတွေရောက်ခဲ့တာကို သိရပါတယ်။ ဒါတွေကိုလည်း ပြီးခဲ့တဲ့ အစိုးရ

လက်ထက်မှာခေါ်ဆောင်ဖို့   ကြိုးစားခဲ့ပေမယ့်   မအောင်မြင်ဘူးဆိုတာ သိရှိရပါတယ်။ လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေနဲ့  အစည်းအဝေးမှာ  ပြောခဲ့တာရှိပါတယ်။ ပြည်ပမှာ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားပြည်သူ မြန်မာလူမျိုးတွေကို ပြန်လည်ခေါ်ဆောင်မယ်ဆိုပြီး ဒီစီမံချက်တွေနဲ့အညီ လုပ်ဆောင်တယ်လို့ မြင်ရပါတယ်။  မြန်မာနိုင်ငံကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ

စတင်ထွက်ခွာပြီးတော့   မလေးရှားနိုင်ငံ လူမွတ်ရေတပ်ဆိပ်ကမ်းကို ရောက်ရှိပြီးတော့ 

ဒီ ၁ဝ၈၆ ဦးကို ပြန်လည်ခေါ်ဆောင် လာတယ်လို့ သိရပါတယ်။ ဒီနေ့ကတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ရက်လောက်ကြာတဲ့ ခရီးစဉ်လို့လည်း  သိရပါတယ်။ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုလို့မြင်ပါတယ်။  ဘာဖြစ်လဲဆိုတော့  အခုကာလကလည်း COVID-19 ကပ်ရောဂါကြီးနဲ့လည်း ကြုံတွေ့နေရတဲ့   အခြေအနေဖြစ်ပါတယ်။

ပြည်ပမှာရောက်နေတဲ့   မြန်မာနိုင်ငံသားတွေကလည်း ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး တပ်မတော်က တာဝန်ယူ ခေါ်ဆောင်ရတဲ့အချိန်မှာ ပထမဦးဆုံး အကျိုးခံစားရမှာကတော့ သွားရောက် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။ ဒီလူတွေဟာ အကျိုးရလဒ်ကို ချက်ချင်းခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့မိသားစုတွေကလည်း ပျော်ရွှင်နေမှာဖြစ်ပါတယ်။ ပြည်ပနိုင်ငံမှာ ဒုက္ခရောက်နေတယ်ဆိုတော့ ဒီလူတွေကို ပြန်လည်ခေါ်ဆောင်တဲ့ အခါကျတော့ မြန်မာနိုင်ငံမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်ဆိုပြီး တွေ့ရပါ

တယ်။ မြန်မာနိုင်ငံအတွက်လည်း အင်အားတစ်ခုဖြစ်လာမယ်လို့   ကျွန်တော့်အနေနဲ့

ယုံကြည်ပါတယ်''ဟု ဒေါက်တာနိုင်ဆွေဦးက ပြောသည်။                 

Post a Comment

0 Comments