ရေတာရှည်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်   ဖေဖော်ဝါရီ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား   ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များသည် ရေတာရှည်မြို့၊ ရွှေပြည်ကုန်း စစ်မှုထမ်းဟောင်း အိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်   ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်   မီးသတ် တပ်ဖွဲ့ဝင်များ အတွက် အလှူရှင်များက  စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ  တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။             

Post a Comment

0 Comments