နေပြည်တော် ဖေဖော်ဝါရီ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ လမ်းပန်းဆက်သွယ်မှု လွယ်ကူ လျင်မြန်စေရေးအတွက် နယ်စပ်ဒေသအစွန်အဖျား ရှိတောင်ပေါ်ကျေးရွာများအား ကျေးရွာချင်း ဆက်လမ်း များမှတစ်ဆင့် မြို့နယ်ချင်းဆက်လမ်းများအထိ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နှင့်ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ လောက်ကိုင်မြို့နယ်သို့ ဆက်သွယ်သွားလာနိုင်မည့် လောက်ကိုင်-တောက်ရွှေ-ရှုကိန်းရွှေ-အာလာဗြဲ-ကွမ်းလုံ(၁၀/ဝ)မိုင်လမ်းပိုင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြေသားလမ်းအဖြစ် ဖောက်လုပ်ခဲ့ပြီးဖြစ်သည်။
ယခုအခါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၇၅ ဒသမ ၈၅၉ သန်းဖြင့် ကျောက်လမ်း (၂/ဝ)မိုင်စတင်၍ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး တောင်ပေါ်ဒေသမိုးများသော ဒေသဖြစ်သဖြင့် အမာခံကျောက်သားရရှိရေးဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေး လျက်ရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
(နယ်စပ်)
0 Comments