နေပြည်တော် ဖေဖော်ဝါရီ ၂၄
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိပါက ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အခြေခံပညာ အထက် တန်းကျောင်း (ခွဲ)များ၊ အခြေခံပညာ အလယ်တန်းကျောင်းများ၊ အခြေခံပညာမူလတန်းလွန် ကျောင်းများနှင့်အခြေခံပညာ မူလတန်းကျောင်းများ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(နတ်စင်ကုန်း)၊ပြည်မြို့၊ ဆင်စုရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ဆံတော်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ ပေါက်ခေါင်းမြို့၊ အုတ်ပုံကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့်ရွှေကျင်မြို့၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက်ရှိ အခြေခံပညာ အထက် တန်းကျောင်း (ရွှေကျင်)တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံ တပ်မတော်သား
များက ကျောင်းဝင်းများအတွင်းရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ဆောင်များ အတွင်း/အပြင် သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
0 Comments