နေပြည်တော် ဖေဖော်ဝါရီ ၂၄
နိုင်ငံတော်နှင့် တပ်မတော်အတွက်
အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည် များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်
မိသားစုဝင်များ၊ ရဲမှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့်
မီးသတ် တပ်ဖွဲ့ဝင်များ စားရေးအခက်အခဲ မရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်
COVID-19ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့်
လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေ
များကိုလည်းကောင်း သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊
တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ခေးနင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာနှင့် တာပုံစစ်မှုထမ်းဟောင်း အိမ်ရာ၊ လောက်ကိုင်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက် ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအတွက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုးနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန် ကျေးရွာအုပ်စုရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့်အဖွဲ့ ဝင်များကလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ သင်္ကန်းညီနောင်တပ်နယ်မှ တာဝန်ရှိသူများကလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့၊ ခြေတော်ရာကျေးရွာ ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေကျင် တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးတင်လင်း ဦးနှင့် အဖွဲ့ဝင်များက လည်းကောင်း သွား ရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
ထို့ပြင် နိုင်ငံတော် ကာကွယ်ရေးနှင့်
လုံခြုံရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည့်
တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက်
အလှူရှင်များက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြကြောင်း
သတင်းရရှိသည်။
0 Comments