အသိပေးကြေညာချက်

 


၁။      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်တွင် ''နိုင်ငံတော်အတွင်း ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးဖြစ်စဉ်များတွင်  မဲမသမာမှုများ ပေါ်ပေါက်ခဲ့သဖြင့်  ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျက် ရှိကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာ လွှတ်တော်အသီးသီး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားသော လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာများသည် မဲမသမာမှုများအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ် ကာလအတွင်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမရှိကြောင်း''ဖော်ပြပါရှိပါသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၅၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅ နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ    တို့အရ  ကတိသစ္စာပြုရခြင်း မရှိသေးသောသူများသည်  လွှတ်တော် ကိုယ်စားလှယ် ဖြစ်မြောက်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။

၂။      ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အသိပေး ကြေညာချက်တွင်လည်း ''ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ဆဲအဆင့်တွင် မိမိတို့သဘောအလျောက် လွှတ်တော်ကိုယ်စားပြု ကော်မတီများ ဖွဲ့စည်းခြင်း၊ ယင်းကော်မတီက ဆောင်ရွက်သည့် အစည်းအဝေးများပြုလုပ်ခြင်း၊ ကြေညာချက်၊ အသိပေးချက်များ ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးခြင်း အစရှိသည့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့သည် တည်ဆဲဥပဒေများ အရ တရားဝင်ခြင်းမရှိကြောင်း''ဖော်ပြပါရှိပါသည်။

၃။      လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိသေးသူများက ''ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ''(CRPH) အမည်ဖြင့် ကော်မတီဖွဲ့စည်း ဆောင်ရွက်နေခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ကြီးလေးသည့် ရာဇဝတ်မှုကို ကျူးလွန်ရာ ရောက်သဖြင့် အဆိုပါ CRPH တွင် ပါဝင်ရန် ဆန္ဒမရှိသူများ အနေဖြင့် နီးစပ်ရာ တိုင်းဒေသကြီး/ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဆင့်ဆင့်တို့ ထံသို့ ၂ဝ၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ ကာလအတွင်း လူကိုယ်တိုင် လာရောက်သတင်းပေးပို့ရန် ဖြစ်ပါသည်။

၄။ သတ်မှတ်ကာလအတွင်း သတင်းပေးပို့ပါက တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှုပြုမည် မဟုတ်ဘဲ သတင်းပို့ခြင်း မရှိပါက နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

Post a Comment

0 Comments