မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်နှင့် ကန်ရွာလေး ကျေးရွာတို့ရှိ ဒေသခံ ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေ လှူဒါန်း


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်နှင့် ကန်ရွာလေး ကျေးရွာတို့ရှိ အိမ်ထောင်စုများ အတွက် ဆန်နှင့်ဆီများကို ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments