ဆူပူဆန္ဒပြသူလူတစ်စုက လုံခြုံရေးဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဖမ်းဆီး၊ ဥပဒေမဲ့လုပ်ရပ်များ ဆောင်ရွက်


 

ဆူပူဆန္ဒပြသူလူတစ်စုက လုံခြုံရေးဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား  ဖမ်းဆီး၊ ဥပဒေမဲ့လုပ်ရပ်များ ဆောင်ရွက်



နေပြည်တော်၊  ဖေဖော်ဝါရီ - ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဈေးကြိုအဝိုင်းအနီး၌ မုပွန်နယ်မြေ ရဲစခန်းမှ ရဲအုပ် နိုင်လင်းအောင် သည် အရပ်ဝတ်ဖြင့် လုံခြုံရေးဆောင်ရွက်စဉ် ယနေ့နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်တွင် ဆန္ဒပြလူစု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၎င်းနှင့်အတူ  ပွိုင့်-၃၈ ခြောက်လုံး ပြူးသေနတ် ၁ လက်၊ ၎င်းင်းကျည် ၁၈ တောင့်တို့ပါသွားကြောင်း သိရှိရသည်။


အဆိုပါဖမ်းဆီးခံရသူမှာ မုပွန်နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းအား မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်၊ ဝဲဂလာသချုႋင်းကုန်းတွင် ဆူပူဆန္ဒပြသူလူတစ်စုက ဖမ်းဆီး ထားကြောင်းကို မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူထံသို့ ဖုန်းဖြင့်  ဆက်သွယ်ပြော ကြားလာသဖြင့် ညနေ ၅ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ခေါ်ယူပြီး  ပြန်လည် ထွက်ခွာလာစဉ် ကျောက်မီးသွေးလမ်းဆုံနေရာသို့အရောက် ဆူပူဆန္ဒပြသူလူတစ်စုက မော်တော်ယာဉ်ပေါ်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လောက်လေးဂွ၊ ကျောက်ခဲ များဖြင့် အကြမ်းဖက်စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ဖြိုခွင်းခဲ့ရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခံရသူ ရဲအုပ် နိုင်လင်းအောင်နှင့်အတူပါရှိသည့် လက်နက်၊ ခဲယမ်းများကို ဆူပူအကြမ်းဖက်သူများမှ ယူဆောင်သွားခဲ့သည့်အတွက် ပြန်လည် ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ကျော်မြင့် ဦးစီး ၄ ဦးတို့သည် ယနေ့မွန်းတည့်ချိန်တွင် Sound  Six Bang  ၂၀ လုံးနှင့် အသင့်စား ကြာဇံထုပ်များ ထုတ်ယူပြီး သန်လျင်မြို့နယ်သို့ တပ်ဖွဲ့ပိုင်ဟိုင်းလပ်အပြာရောင်မော်တော်ယာဉ် ဖြင့် ပြန်လာစဉ် သာကေတမြို့နယ်၊ ရန်ပြေ(၃)လမ်းထိပ်သို့အရောက်၌ ဆူပူဆန္ဒပြသူလူတစ်စု က တုတ်၊ ဓားများကိုင်ဆောင်၍ ကားအားရပ်တန့်စေခဲ့ကြောင်း၊ ထို့နောက် မော်တော်ယာဉ် ပေါ်ပါပစ္စည်းများအား စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဒုရဲအုပ်ကျော်မြင့်ပါ ရဲတပ်ဖွဲ့ဝင် ၃ ဦးအား လက်ပြန်ကြိုးများတုပ်ချည်ပြီး ကားဘီးများ လေလျှော့ကာ ရန်ပြေ(၃)လမ်းရှိ နာရေး ကူညီမှုအသင်းရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရှိရပြီး ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက သက်ဆိုင်ရာ ဖုန်းဖြင့် ဆက်သွယ်လာပြီးလာရောက်ခေါ်ဆောင်ရန် အကြောင်းကြားခဲ့သဖြင့် နေ့လယ် ၂ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့များနှင့်တာဝန်ရှိသူများက သွားရောက်ခေါ်ဆောင်ရာ သိမ်းဆည်းထားသည့်  ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 


အလားတူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးတို့သည် ယနေ့တွင် တာဝန်ကျရာနေရာမှ Mark II  ယာဉ် ဖြင့် ထွက်ခွာလာစဉ် ၆၃ လမ်းနှင့် ၁၀၇ လမ်းအရောက်၌ ဆူပူအုံကြွလျက်ရှိသည့် လူအင်အား ၂၀၀ ကျော်ခန့်က ရဲကားဟု အော်၍လည်းကောင်း၊ လူတိုက်ပြေးသည်ဟု အော်ဟစ်၍ လည်းကောင်း၊ ခဲများဖြင့် ပစ်ခတ်ကာ ကားလမ်းအား ပိတ်ဆို့၍ ယာဉ်အား တားဆီးခဲ့သည်။


ထိုသို့ ပိတ်ဆို့တားဆီးပြီးနောက် ယာဉ်အားဖျက်ဆီးကာ ရဲတပ်ဖွဲ့ဝင်များအား မြို့သစ်ရပ်ကွက် ဓမ္မာရုံတွင် ဖမ်းဆီးထားခဲ့သည်။ အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ၆၂ လမ်းအတိုင်း သွားရောက်ပူးပေါင်းခဲ့ရာ ၁၀၇ လမ်းထောင့်တွင် ဖျက်ဆီးခံ ထားရသည့် Mark II  ယာဉ် အားတွေ့ရှိပြီး ယာဉ်နောက်ဖုံးအတွင်းမှ လက်နက်ခဲယမ်းများ ပြန်လည်ရရှိခဲ့သည်။ 


ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံထားရသည့် ရဲတပ်ဖွဲ့ဝင် ၅ ဦး အား ဓမ္မာရုံမှ ပြန်လည်လွှတ်ပေးရေး ညှိနှိုင်း၍ သွားရောက်ခေါ်ဆောင်ခဲ့ရာ ဆန္ဒပြသူ များက အကြမ်းဖက်လုပ်ရပ်များဖြင့် ပြန်လည်တုံ့ပြန်ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆူပူအကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း ဥပဒေနှင့်အညီ အနည်းဆုံး အင်အား အနိမ့်ဆုံးအဆင့်ဖြင့် လူစုခွဲဆောင်ရွက်ခဲ့ရပြီး လူအုပ်စု၏ အကြမ်းဖက် တုံ့ပြန် မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် Mark II  ယာဉ်မှာ ကားမှန်များ၊ တာယာများ ထိုးခွဲဖျက်ဆီးခံခဲ့ရ ပြီး မော်တော်ယာဉ်ကိုယ်ထည်အား ဆေးအနီးရောင်များမှုတ်၍ ဖျက်ဆီးထားကြောင်း တွေ့ ရှိရသည်။


ထို့အပြင် ယနေ့နေ့လယ်ပိုင်းတွင် ၇၈ လမ်းနှင့် ၂၇ လမ်းထောင့်၊ ၃၈ လမ်းနှင့် ၇၈ လမ်းထောင့်၊ ၃၅ လမ်း နှင့် ၆၂ လမ်းထောင့်၊ ၃၈ လမ်းနှင့် ၈၀ လမ်းထောင့်၊ သိပ္ပံလမ်းနှင့် ၆၂ လမ်းထောင့်တို့တွင် မန္တလေးမြို့တော် လုံခြုံရေးအတွက် တပ်ဆင်ထားသော CCTV  Camera  များကို ဆူပူဆန္ဒ ပြသူများမှ အကြမ်းဖက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆူပူဆန္ဒပြသူများအနေဖြင့် အများပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများလုပ်ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ အသက်အန္တရာယ်အား ခြိမ်းခြောက်သည်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ အထက်ပါဖြစ်စဉ် ဖြစ်ပွားရာ မြို့နယ်များသည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များ ထုတ်ပြန်ထားရှိသည့်  နေရာများဖြစ်ပြီး ယခုကဲ့သို့ ဆူပူဆန္ဒပြရာတွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



Post a Comment

0 Comments