မြန်မာနိုင်ငံသားများ တင်ဆောင်၍ ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များ မြန်မာ့ရေပြင် နယ်နိမိတ်အတွင်း ရောက်ရှိခုတ်မောင်းလျက်ရှိ




FEBRUARY 26, 2021

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား ပြန်လည်ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိခဲ့ပြီး မလေးရှားနိုင်ငံ သို့ အသွား/အပြန် ရေမိုင်ပေါင်း ၁၈၀၀ မိုင် ခုတ်မောင်းခဲ့ကာ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ် ပို့ဆောင်နိုင်ရေး ဆက်လက်ခုတ်မောင်းလျက်ရှိသည်။

 


စစ်ရေယာဉ်များပေါ်တွင် လိုက်ပါလာသော မြန်မာနိုင်ငံသားများအား လမ်းခရီး တစ်လျှောက် ကျန်းမာရေး အထောက်အကူပြုစေရန် ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတဟောပြောပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည့်အပြင် ဖျော်ဖြေရေးနှင့် ရုပ်ရှင်ပြသခြင်းတို့အား ရေယာဉ်များပေါ်တွင် ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြု များကလည်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ အနီးကပ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက COVID-19 စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့် စစ်ဆေးခြင်း၊ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါမလေးရှားနိုင်ငံရောက် နေရပ်ပြန် မြန်မာနိုင်ငံသားများ၏ စကားသံများကို ယခုလိုကြားသိရပါသည်-



“သမီးနာမည်က သဲစုအေးပါ။ မြန်မာပြည်မှာ ချောင်းဆုံ ဘီလူးကျွန်းကျေးရွာမှာ နေတာဖြစ်ပါတယ်။ မြန်မာပြည်မှာအရင်က အဘွားနဲ့နေတယ်။ အမေကထိုင်းမှာနေတယ်။ အဘွားကဆုံးသွားတော့ သမီးကိုကြည့်မယ့်သူ မရှိဘူး။ အဲဒါနဲ့ အမေက ထိုင်းကို ခေါ်လိုက်တယ်။ ထိုင်းမှာတစ်နှစ်နေပြီးတော့     မလေးရှားတက်လာခဲ့တယ်။ မလေးရှားမှာ ရှစ်နှစ်ရှိပြီ။ မလေးရှားမှာ စားသောက်ဆိုင်လုပ်တယ်။ အလုပ်အစုံလုပ်ခဲ့တယ်။ စားသောက်ဆိုင်လုပ်ပြီးတော့ ၃ လပိုင်းလောက်မှာ ကိုရိုနာဖြစ်တော့ အလုပ်တွေပိတ်တယ်။ အလုပ်တွေပိတ်တော့  SP မှာအိမ်အလုပ်ရှိတယ်။ ဆောက်လုပ်ရေး သွားလုပ်ခဲ့တယ်။ သမီးတို့ကကြောက်တာပေါ့။  တစ်ခါမှ  အဖမ်းမခံခဲ့ရဘူးတော့ ဒါပထမဦးဆုံးဆိုတော့    ကြောက်တော့ ကြောက်မိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်အားတင်းတယ်ပေါ့။ ဘေးနားမှာ မြန်မာတွေရှိတော့   သူတို့တွေကပြောပြတယ်။ အားတင်းထားပေါ့။ အဲဒီမှာ သူတို့တွေက ဆေးပေးတယ်။ သမီးက အစာအိမ်ရှိတယ်။ သူတို့က ဆေးခန်းခေါ်သွားပြီးတော့ ဆေးပေးတယ်။  သူတို့ဆေးပေးတဲ့အခါကျရင် သမီးတို့နာမည် ခေါ်ပြီးတော့ ရေတစ်ခါတည်းယူခဲ့ခိုင်းတယ်။ ဘာလို့ဆိုတော့ တချို့လူတွေက ဆေးမသောက်ဘူး။ အမှိုက်ပုံးထဲပစ်တယ်။ ဒါကြောင့် သူတို့ကရေယူခိုင်းပြီး သောက်ခိုင်းတယ်။ သမီးတို့ကို အခုလိုလာခေါ်ပေးခဲ့တဲ့အတွက်ကြောင့် ဒီလိုမျိုးလည်းတစ်ခါမှ မမျှော်လင့်ထားဘူး။ ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဂုဏ်လည်းဂုဏ်ယူမိတယ်။  သမီးတို့ကို ကားနဲ့ခေါ်လာပြီး သင်္ဘောပေါ်ကို ခေါ်လာ

ပေးကတည်းက သင်္ဘောကိုမြင်ကတည်းက   ကိုယ်ြ့မန်မာနိုင်ငံသားတွေဆိုတော့ အရမ်းလည်းပျော်တယ်။   အရမ်းလည်းကျေနပ်မိတယ်။    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို  သမီးတို့ဒုက္ခသည်တွေကို လာခေါ်ပေးတဲ့ အတွက်ကြောင့်   ကျေးဇူးအများကြီးတင်ပါတယ်။   ဟိုမှာလည်း အဒေါ်တွေကျန်ခဲ့တယ်။ သူတို့နဲ့က Camp ချင်းကအတူတူပဲဆိုတော့ သမီးတို့ပြန်တော့ သူတို့လည်းပြန်ချင်တယ်။   သူတို့လည်းငိုတယ်လေ။ သူတို့ကိုလည်း မြန်မြန်ခေါ်ပေးပါလို့ ကျေးဇူးအများကြီး တင်ပါတယ်” ဟု ချောင်းဆုံမှ နေရပ်ပြန်အမျိုးသမီးတစ်ဦးက ပြောသည်။

“ရခိုင်ပြည်နယ်     မင်းပြားမြို့နယ် တောင်ခြေမြင်ကျေးရွာမှာ နေထိုင်ပါတယ်။ ကျွန်တော့်နာမည်က မောင်ခင်အောင် ဖြစ်ပြီး အသက်ကတော့ ၂၁ နှစ်ရှိပါပြီ။ ဃောစ ထဲ မှာနေရတာကတော့ ဖျားတာနာတာရှိပြီး ဆေးတွေမရပါဘူး။ ဆေးတောင်းလို့ရှိရင် လည်းမရပါဘူး။   နေရထိုင်ရတာလည်းမကောင်းဘူး။ အနာတွေပေါက်ပါတယ်။



ဆေးတောင်းလို့ရှိရင်လည်း အရိုက်ခံရပါတယ်။ မြန်မာနိုင်ငံကိုပြန်ရတော့မယ်ဆိုတော့ တအားကိုပျော်ပါတယ်။ စိတ်ကငိုချင်သလိုဖြစ်လာပြီး  တအားပျော်တော့လေ။ ကျွန်တော်တို့ဒုက္ခရောက်နေတဲ့အချိန်မှာ ဒီလိုလာပြီး ကူညီပေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်”ဟု ရခိုင်ပြည်နယ် မင်းပြား မြို့နယ်မှ နေရပ်ပြန်အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်မနာမည်  မရွှေယမုံဖြစ်ပါတယ်။ အသက်က ၁၈ နှစ်ရှိပါပြီ။ မြန်မာပြည်မှာ ကလောမြို့နယ်မှာနေတယ်။ မြန်မာတွေက အရင်ဦးဆုံးပြန်ရတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတယ်။



   ညီမတို့လေးယောက်တည်းပဲ ပြန်ရတယ်ဆိုတော့ ဂုဏ်ယူတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေလည်း ကျန်ခဲ့ပါသေးတယ်။ လူအများနဲ့နေရတာဆိုတော့ ယားနာတွေပေါက်ကြတယ်။ ကျွန်မသူငယ်ချင်းတွေမှာ ယားနာတွေပေါက်ကြ တယ်။ ဆေးတောင်းလည်း ရဲမေတွေကမပေးဘူး။ ပိုက်ဆံမရှိရင် မဝယ်ရဘူးဆိုတော့ သူတို့အတွက်တော့ စိတ်မကောင်းဘူး။ သူတို့လည်းငိုကြတယ်။ ဘယ်လိုပြောရမလဲ။ မိသားစုကို ပြန်တွေ့ရသလိုပဲ အရမ်းပျော်တယ်ရှင့်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ကျေးဇူးအများကြီးတင်တယ်။ ကျွန်မသူငယ်ချင်းတွေကိုလည်းခေါ်ပေးပါလို့ပြောချင်ပါတယ်ရှင့်”  ဟု ကလောမြို့နယ်မှ  နေရပ်ပြန်အမျိုးသမီး တစ်ဦးကပြောသည်။

“ကျွန်တော်က ရွှေ့ပြောင်းအလုပ်သမားနေရာကရောက်လာတာပါ။ ၂၀၁၄ ခုနှစ် ကတည်းကရောက်တာပါ။ camp ထဲမှာ အရမ်းပဲခံရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကျန်းမာရေး အရမ်းခက်ခဲပါတယ်။ ဆေးဝါးတွေမရဘူး။ တချို့က အရမ်းကိုခက်ခဲပါတယ်။ ပြန်ရမယ့်နေ့ကို စောင့်ရင်းမရှိဘူး။ ဒီနှစ်မှာ Virus တွေနဲ့ အရမ်းကိုခက်ခဲတာတွေရှိတယ်။ မြန်မာနိုင်ငံကပြန်ခေါ်မယ့် Free Call တွေကို အရမ်းစောင့်ရတာ ရှိပါတယ်။ ရဲတွေဆီက သတင်းကြားရတော့ အရမ်းကိုပျော်ပါတယ်။ မြန်မာနိုင်ငံက စစ်သင်္ဘောကြီး မလေးရှားနိုင်ငံကို ရောက်မယ်ဆိုတာကိုး။ ဟိုးအရင်တုန်းကလည်း မရှိခဲ့ဖူးဘူး။ ဒီစစ်သင်္ဘောကြီး ရောက်ပါ့မလားဆိုတာ ရဲတွေကိုအခါခါမေးတယ်။  ရဲတွေက တကယ်လာမှာပေါ့... Camp   ထဲမှာရှိတဲ့   မြန်မာနိုင်ငံသားတွေ အရမ်းကိုပျော်ကြတယ်။   ကျန်ရှိနေသေးတဲ့  မြန်မာနိုင်ငံသားတွေကို  ခေါ်စေချင်တယ်။  သူတို့တွေလည်း  မြန်မာနိုင်ငံက လူကြီးတွေလာခေါ်မယ့်နေ့ကို  စောင့်မျှော်နေတယ်။ အဆက်အသွယ်မရှိသေးတဲ့ လူတွေလည်း အများကြီးရှိသေးတယ်။ ဃောစ ထဲမှာနေတဲ့နေ့တုန်းက ဒီစစ်သင်္ဘောကြီးရောက်လာခဲ့ရင်  ဘာလုပ်မလဲ ဆိုတာ  ပြောထားတာတွေ  အများကြီးရှိတယ်။ မနက်မိုးလင်းတော့ သူတို့လာခေါ်တယ်။ ဒီစစ်သင်္ဘောကြီး ရောက်လာတော့ မြန်မာနိုင်ငံကလူကြီးတွေက ကျွန်တော်တို့ကို မိသားစုဝင်တစ်ယောက်လို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတော့ အရမ်းကိုစိတ်ထဲမှာ ပျော်ရတယ်။  စားရတာ  သောက်ရတာ အရမ်းအဆင်ပြေပါတယ်။   နေစရာရော၊ အဝတ်အစားတွေ၊ ဖိနပ်တွေ အကုန်လုံး ဆေးဝါးတွေ၊ ရေချိုးတဲ့ဆပ်ပြာတွေ ကျွန်တော်တို့အတွက် အကုန်လုံးအဆင်ပြေပါတယ်။ ကျွန်တော့်ရင်ထဲမှာတော့ ကျန်ရှိနေတဲ့သူတွေကိုလည်း တတ်နိုင်သလောက် မြန်မြန်လေးပြန်ခေါ်ပေးစေချင်တယ်။



ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရမ်းကျေးဇူးတင်တယ်။ နိုင်ငံသားတစ်ယောက်အပေါ်မှာ နိုင်ငံဖခင်တစ်ယောက် အနေနဲ့ ကူညီစောင့်ရှောက်ပေးတဲ့အတွက် အရမ်းကို အတိုင်းထက်အလွန် ကျေးဇူးတင်တယ်။ နောက်ပြီး ဒုက္ခရောက်နေတဲ့ သူတွေအပေါ်မှာ စာနာစိတ်လေးတွေထားပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်တယ်။ ဒီစစ်သင်္ဘောမှာပါလာတဲ့ အရာရှိတွေ၊ တခြားတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကိုလည်း အရမ်းကိုကျေးဇူးတင်တယ်။ သူတို့အနေနဲ့လည်း   ကျွန်တော်တို့ကို    မိသားစုဝင်တစ်ယောက်လို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အတွက် ရင်ထဲမှာ အရမ်းကိုပျော်မိပါတယ်”ဟု ရခိုင်ပြည်နယ်မှ နေရပ်ပြန်အမျိုးသား တစ်ဦးကပြောသည်။

 

 

 

Post a Comment

0 Comments