ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

 


နေပြည်တော်  ဖေဖော်ဝါရီ   ၂၇

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီးဆရာ တော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး  အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်  ဌာနဆိုင်ရာ ဝန်ထမ်းများအား  COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။



ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဇမ္ဗူအေး အေတီတပ်ဦးပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဥတ္တမ အမှူးပြုသော မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် ၂ဝ ပါးအား သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်း၌ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင် မြို့၊ မြစေတီစာသင်တိုက် ပဓာနနာယက ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တ ဝိမလဗုဒ္ဓိအမှူးပြုသော မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် ၂ဝ ပါးအား မြစေတီစာသင်တိုက်၌ လည်းကောင်း တိုင်းစစ်ဌာနချုပ်များမှ ဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက   သွားရောက်ကြည့်ရှု ဖူးမြော်ကြည်ညိုကြပြီး နဝကမ္မ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ    ဆက်ကပ်လှူဒါန်းကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း   သတင်း ရရှိသည်။

Post a Comment

0 Comments