ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေး ကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညိုလျက်ရှိ



နေပြည်တော်  ဖေဖော်ဝါရီ  ၂၇

COVID-19 ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓဘာသာ ဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာများ အလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်း ထားရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ   ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရား ဘာဝနာပွားများ နိုင်ရေးအတွက်  ဖေဖော်ဝါရီ  ၈ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပြန်လည် ဖွင့်လှစ်ထားရှိရာ   ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော် မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသိရီမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့ အပါအဝင်   ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် COVID-19  စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။





ထို့ပြင် နိုင်ငံတစ်ဝန်းရှိ  အစ္စလာမ်ဘာသာရေး ကျောင်းများ၊ ခရစ်ယာန်ဘာသာရေး ကျောင်းများနှင့် ဟိန္ဒူဘာသာရေး ကျောင်းများကိုလည်း  သက်ဆိုင်ရာ ဘာသာများ အလိုက်  အများပြည်သူ ဝတ်ပြုကြည်ညိုနိုင်ရေးအတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဖွင့်လှစ်ထားရှိရာ  သက်ဆိုင်ရာ ဘာသာဝင်များက စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက် ရှိကြောင်း သတင်းရရှိသည်။              

Post a Comment

0 Comments