ကနီမြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ရှိ အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်းဖွင့်ပွဲ ပြုလုပ်




နေပြည်တော်  ဖေဖော်ဝါရီ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရှိ   အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့်   ကပိုင်-အလောင်းတော်ကဿပ ဘုရားဖူးရာသီ လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းဂုံညင်းပင်စခန်းမုခ်ဦး၌     ပြုလုပ်ရာ ကနီမြို့နယ် သီးကုန်းကျေးရွာမဟာဝိသုဒ္ဓါ ရာမကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိစိတ္တကြွရောက်တော်မူပြီး စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊   အနောက်မြောက်တိုင်းစစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့်   တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ဦးစွာ ကနီမြို့နယ်၊ သီးကုန်းကျေးရွာ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိစိတ္တ၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-အလောင်းတော် ကဿပဘုရားဖူးရာသီလမ်းဖွင့်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်    တက်ရောက်လာကြသူများကအလောင်းတော်ကဿပ   မထေရ်မြတ်စံကျောင်းဆောင်သို့    သွားရောက်ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး  သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကနီမြို့နယ်၊ သီးကုန်းကျေးရွာ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ    စစ်ကိုင်းတိုင်းဒေသကြီး၊ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်တော်ကြီး ဘုရားဖွင့်ပွဲကို ဇလုံတောင်တော်

ရင်ပြင်၌ပြုလုပ်ရာ ဗန်းမောက်မြို့မပရိယတ္တိစာသင်တိုက်ဆရာတော် အရှင်ဝိစိတ္တအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးတင့်ဝေသုံနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။     

Post a Comment

0 Comments