နေပြည်တော် ဖေဖော်ဝါရီ
၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊
သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံနှင့် ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊
ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့ နယ်၊ ဒုံဇရစ်ကျေးရွာ
တိုက်နယ်ဆေးရုံတို့ရှိ ဆရာဝန်များနှင့် သူနာပြုများက ၎င်းတို့၏ လုပ်ငန်းများပျက်ကွက်လျက်ရှိပြီး
ဒေသခံ ပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ဆေးရုံတွင်
အလုပ်ဆင်းပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ
တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများလာရောက် ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံမှု
ကြောင့် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံ မှတပ်မတော်သားပါရဂူများ၊
ဆရာဝန်များ နှင့် သူနာပြုများ ပါဝင်သော ဆေးကုသရေး အဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာခံစား
နေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့အကူအညီ တောင်းခံလာမှုကြောင့်
တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော်သားများက အဆိုပါ ဆေးရုံများသို့
သွားရောက်၍ ဆေးရုံပြန် လည်ဖွင့်လှစ်နိုင်ရေး ဒေသခံပြည်သူများ နှင့်ပူးပေါင်းကာ ဆေးရုံပရိဘောဂများ
ပြန်လည်နေရာ ချထားခြင်း၊ ဆေးရုံအတွင်း/အပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်းများကို ချက်ချင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ပေးပြီး
တပ်မတော် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများအား စုဖွဲ့စေလွှတ်ပေးခဲ့ရာ
တပ်မတော်သား ဆရာဝန်များနှင့် ကျန်းမာ ရေးဝန်ထမ်းများအား မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက
ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ဆေးရုံများ၌ တပ်မတော်ဆေး
ကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ရာ
ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊
သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး
စစ်ဆေးကုသပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း
အထူး ပင်ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို
တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား
ဆေးကုသပေးထားမှု အခြေအနေများ၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး
မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဒေသခံပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 Comments