တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိမြို့နယ်များ၌ ဈေးများ၊ စတိုးဆိုင်ခန်းများ ပုံမှန်အတိုင်းရောင်း/ဝယ် ဖောက်ကားလျက်ရှိ၊ မြန်မာ့စီးပွားရေးဘဏ်များနှင့် ဘဏ်ခွဲအသီးသီးတို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာများ အဆင်ပြေချောမွေ့စွာဆက်လက်ထုတ်ပေးလျက်ရှိ

 

 



 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၃

ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်နေ့များမှစ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဖေဖော်ဝါရီ ၂၂ ရက်တွင်ဈေးများ၊ စတိုးဆိုင်ခန်းများ အားလုံးဖွင့်လှစ်ရောင်းချခြင်းမပြုရန် ခြိမ်းခြောက် အကျပ်ကိုင်သည့် ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ထိုသို့ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့တွင် နိုင်ငံတစ်ဝန်းလုံး   မြို့နယ်အသီးသီးရှိဈေးများ၊ စတိုးဆိုင်ခန်းများမှာ    မိမိတို့၏မိသားစုစားဝတ်နေရေးအတွက် ပုံမှန်အတိုင်းအေးချမ်းစွာ ရောင်းဝယ်ဖောက်ကားလျက်ရှိကြသည်။

ထို့ပြင်  မြန်မာ့စီးပွားရေးဘဏ်များနှင့်ဘဏ်ခွဲများတွင် ပင်စင်လာရောက်ထုတ်ယူကြမည့် အငြိမ်းစားဝန်ထမ်း များ လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာဘဏ်များ၌ လုံခြုံရေးများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပင်စင်လခစား အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ဆက်လက်လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။

အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ လစဉ် ၂၁ ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူခြင်း အစား လစဉ် ၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့်ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ်အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင်ထုတ်ယူခြင်းတို့ကို အဆင်ပြေစွာ ဆက်လက်ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။                            

(၁၀၀)

Post a Comment

0 Comments