ပြည်ပမှပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေး

 

 


နေပြည်တော် ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆေးရုံအချို့၌ ဆရာဝန်နှင့်သူနာပြုများအနေဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအားမျက်ကွယ်ပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ရာ ပြည်ပ မှပြန်လည်ဝင်ရောက်လာသူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀) မြို့နယ်အဆောင်၌ Quarantine  ထားရှိခဲ့ သည်။

ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၁၁၄ ဦးကိုယနေ့နံနက်ပိုင်းတွင်    အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ COVID-19 ရောဂါနှင့်ပတ်သက်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများ ကို ဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိသည်။                       

  (၁၀၀)

Post a Comment

0 Comments