နေပြည်တော် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊အမာမြို့၊ နောက်မီးအုပ်စု၊ ဦးပေကျေးရွာမှ ဦးမောင်မောင်ထွေး၏ နေအိမ်ခေါင်မိုးအား ဖေဖော်ဝါရီ ၂၁ ရက်တွင် မီးစပစ်တင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် ဦးမောင်မောင်ထွေးသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းင်း၏နေအိမ်တွင် ညီမဝမ်းကွဲတော်စပ်သူ ဒေါ်မြင့်မြင့်အေးနှင့် အလုပ်သမားနှစ်ဦးအား အိမ်စောင့်အဖြစ်ထားရှိကာ အမာမြို့(၂)ရပ်ကွက်ရှိနေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ ဒေါ်မြင့်မြင့်အေးသည် နေအိမ်၌ရှိနေစဉ် ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီ ၅၅ မိနစ်ခန့်တွင် နေအိမ်အနောက်ဘက်မှ လူတစ်ဦးသည် အိမ်ခေါင်မိုးပေါ်သို့ မီးစပစ်တင်ခဲ့သည်ကိုတွေ့ရှိရသဖြင့် လိုက်လံ ကြည့်ရှုရာ နေအိမ်ခေါင်မိုးပေါ်သို့ ရေနံဆီစွတ်ထားသော အလျား ၆ လက်မ၊ အနံ ၂ လက်မခန့်ရှိ အပြာရောင် ပုဆိုးစတွင် မီးလောင်လျက်ရှိပြီး နေအိမ်ခေါင်မိုးအား မီးစွဲလောင်နေသည်ကိုတွေ့ရှိသဖြင့် ပတ်ဝန်းကျင်အား အကူအညီတောင်းခံ၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် အဆိုပါမီးလောင်မှုကြောင့် နေအိမ်အမိုး မီးလောင် ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
အဆိုပါမီးစပစ်ခံရမှုနှင့် ပတ်သက်၍အိမ်ပိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ထွေးမှ မီးလောင်ကျွမ်းအောင်ပြုလုပ် သူအား ဥပဒေအရအရေးယူပေးနိုင်ရန် အမာမြို့၊ နယ်မြေခံရဲစခန်းသို့တိုင်ကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(၁၀၀)
0 Comments