ရေစီးရေလာနှင့်ရေဆိုးသန့်စင်မှုစနစ်ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး



ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ရေစီးရေလာနှင့်ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်အောင်၊ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနဌာနမှူး ဒေါက်တာတိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီတွင် လမ်းမတော်မြို့နယ် ကမ်းနားလမ်းရွာသစ်ချောင်းရေထိန်းတံခါးသို့   သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်မြို့တော်ဝန်က ရေထိန်းတံခါးကြံ့ခိုင်ရေး၊ ရန်ကုန်မြစ်ရေတက်ချိန် မြို့တွင်း ရေဝင်ရောက်မှု ကာကွယ်ရေးအတွက် သတိပေးရန်   ဆက်သွယ်မှုကိစ္စရပ်များနှင့် ပတ်သက်၍ မှာကြားခဲ့သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်   သန်လျက်စွန်းရှိရေဆိုးသန့်စင်စက်ရုံသို့ရောက်ရှိပြီး ရေဆိုးသန့်စင်မှုစနစ်၊  သန့်စင်ပြီး ရေဆိုးအား ရန်ကုန်မြစ်အတွင်းစွန့်ထုတ်မှုစနစ်၊ ကြွင်းကျန်သည့် အနည်အဖတ်များမှ   ဓာတ်မြေသြဇာထုတ်လုပ်မှုစနစ်၊ ဓာတ်ခွဲခန်းတွင် စစ်ဆေးတိုင်းတာသည့် စနစ်များအား လိုက်လံကြည့်ရှုစစ်ဆေးကာ စက်ပစ္စည်းများ၊ ရေဆိုးကန်များကြံ့ခိုင်ရေး၊ ပြုပြင်ထိန်းသိမ်းမှုများအား နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လုပ်ငန်းများ သတ်မှတ်ဆောင်ရွက်ရေး၊   ဝန်ထမ်းများလုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားမှာကြားခဲ့သည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းရှိ လေမှုတ်စက်ရုံသို့ သွားရောက်၍ လည်ပတ်မှုရပ်နားထားသည့် ကျောက်မီးသွေးလောင်စာသုံးဘွိုင်လာများနှင့် လက်ရှိလည်ပတ်နေသည့် လျှပ်စစ်လေ မှုတ်စက်များ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လေမှုတ်စက်ရုံသည်  မြို့ပြ အမွေအနှစ် အဆောက်အအုံ ဖြစ်သဖြင့် ရှေးမူမပျက်ထိန်းသိမ်းရေး၊ ပြည်တွင်းပြည်ပဧည့်သည်များ လေ့လာနိုင်သည့် ပြတိုက်အဖြစ် ခင်းကျင်းပြသရေး၊ စက်များစနစ်တကျ ပုံမှန်လည်ပတ်ရေးနှင့် စက်များကြံ့ခိုင်ရေးတို့အတွက် လိုအပ်သည်များ မှာကြားကြောင်း သိရသည်။                         

       ဝန်းရံခ

Post a Comment

0 Comments