စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းများနှင့်မိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများပေးအပ်

 


နေပြည်တော် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်နှင့်တပ်မတော်အတွက်အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့် စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များအတွက်ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့်   သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။


 

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ဝန်ထမ်းများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် လှမိုးနှင့်အဖွဲ့ဝင်များကလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(ပြင်ဦးလွင်)နေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင် တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်ဟိန်းနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၊ ရှမ်း/ကြေးရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေကျင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးတင်လင်းဦးနှင့်အဖွဲ့ဝင်များကလည်းကောင်း သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


 

ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အလှူရှင်များက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

(၁၀၀)

Post a Comment

0 Comments