ပဲဈေးကွက်အတွင်း လက်ငင်းငွေချေစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်



ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရှိ  ပဲနှင့်နှမ်းအပါအဝင်  တခြား ကုန်များကို    လက်ငင်းငွေချေ စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထိုသို့ အရောင်းအဝယ်ပြုလုပ်ရာတွင်   လက်ငင်းငွေချေစနစ်ဖြင့်သာ  အရောင်း အဝယ်ပြုလုပ်နေကြောင်း သိရသည်။

“လက်ရှိကတော့ ကုန်သည်အများစုက ပစ္စည်းယူ    ချက်ချင်းငွေသားနဲ့ပဲရှင်းတဲ့ စနစ်နဲ့ အရောင်းအဝယ်လုပ်ကြတယ်”ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ပဲစင်းငုံနီ (၂၀၂၁ ပဲသစ်) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၁၅၀၀ မှ ၇၂၀၀၀ အထိ ဈေးနှုန်း ရှိကြောင်း သိရသည်။

ထို့ပြင် အရည်အသွေးကောင်း မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင်    ငွေကျပ် ၇၈၀၀၀ မှ ၈၀၀၀၀ အထိ ဈေးနှုန်းရှိကာ   အရောင်းအဝယ် အေးနေကြောင်း  သိရ သည်။

ဖေဖော်ဝါရီ ၂၃ ရက်က ပန်းနှမ်းသုံးတင်း ဝင်တစ်အိတ်လျှင် ငွေကျပ်  ၆၉၀၀၀ မှ ၇၀၀၀၀ အထိ ဈေးနှုန်းရှိပြီး ဝယ်လိုအား ကောင်းမွန် ခဲ့ကြောင်း သိရသည်။  

နေနေ

Post a Comment

0 Comments