နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို COVID-19 စည်းကမ်းနှင့်အညီ ထုတ်ပေးလျက်ရှိ


နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်များတွင် ဖေဖော်ဝါရီ ၂၂ ရက် မှ စတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အေးချမ်းစွာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပင်စင်လစာများ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိပြီး ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ်၌ မြို့ပြပင်စင်စား ဦးရေ ၇၇၀၀ ကျော်၊ နိုင်ငံရေး ပင်စင်စား ဦးရေ ၃၆၀ ကျော်၊ ကာကွယ်ရေးပင်စင်စား ဦးရေ ၇၇၀၀ ကျော် ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အငြိမ်းစားဝန်ထမ်း ပင်စင်လစာများကို ဖေဖော်ဝါရီ ၂၂ ရက်မှ လကုန်ရက်အထိ ထုတ်ပေးလျက်ရှိပြီး လကုန်သော်လည်း ထုတ်ရန်ကျန်ရှိသူ များအနေဖြင့် ပုံမှန်ဘဏ်ဖွင့်ချိန်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ထို့ပြင် Mobile Money  စနစ်အသုံးပြု၍ နီးစပ်ရာ Mobile Agents များတွင်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။                 

  ပြည့်စုံအောင်

Post a Comment

0 Comments