နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်မြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့ နယ်၊ သစ်ဆိမ့်ပင်ကျေးရွာနေ ကိုထိန်ဝင်း(ဘ)ဦးသွင်အေးနှင့် ကိုထွန်းထွန်းဝင်း(ဘ)ဦးထွန်းကျင်တို့နှစ်ဦးသည် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် ဆင်တဲကျေးရွာ၌ ငါးဖမ်းပြီး ည ၇ နာရီခွဲခန့်တွင် ၎င်းတို့ ကျေးရွာသို့ပြန်လာစဉ် ဆင်တဲကျေးရွာအထွက် တံတားပေါ်သို့အရောက်၌ ကျေးရွာလုံခြုံရေး ဆောင်ရွက်နေ သည်ဟုဆိုသူ ဆင်တဲကျေးရွာသား ချစ်နန်း ဦးစီးအင်အား ၁၅ ဦးခန့်က တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ထိုးခုတ်ရိုက်နှက်ခဲ့သဖြင့် ကိုထိန်ဝင်းတွင် ဘယ်ချိုစောင်း ၄ လက်မခန့် စုတ်ပြဲဒဏ်ရာနှင့် ကိုထွန်းထွန်းဝင်းတွင် ဘယ်ချိုင်းအောက် ၃ လက်မခန့်ပြတ်ရှဒဏ်ရာ၊ ဘယ်နားထင် ၄ လက်မခန့် ပြတ်ရှ ဒဏ်ရာ၊ ဘယ်ချိုစောင်း ၃ လက်မခန့် ပေါက်ပြဲဒဏ်ရာနှင့်နောက်စေ့ ၃ လက်မခန့်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။
ထိုသို့ ဝိုင်းဝန်းရိုက်နှက်ခြင်းကြောင့် ဒဏ်ရာများရရှိခဲ့သူနှစ်ဦးအား ပြည်မြို့ရှိတပ်မတော်ဆေးရုံ၌ တက် ရောက်စေပြီးလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ခံယူစေလျက်ရှိကြောင်းနှင့် ဝိုင်းဝန်း ရိုက်နှက်ကြသူများအား ပန်းတောင်းမြို့၊ နယ်မြေခံရဲစခန်း၌ တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့် အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(၁၀၀)
0 Comments