နေပြည်တော် ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များသည် ကုန်တင်လှေတစ်စင်း မီးလောင်နေကြောင်း သိရှိရသဖြင့် ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင်သွားရောက်စစ်ဆေးရာ ကော့ရဲကျွန်း၏ အနောက်ဘက် ရေမိုင် ၇ မိုင်ခန့် အကွာသို့အရောက်၌ မီးလောင်နေသည့် အောင်ဘုန်းမြတ်အမည်ရှိ ကုန်တင်လှေတစ်စင်းအားတွေ့ရှိသဖြင့် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ပြီး လှေပေါ်ပါ လှေသားရှစ်ဦးအား ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)
0 Comments