ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်

 


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်သည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ နေပြည်တော် ၈ မြို့နယ်၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ/ရရှိ/သုံးစွဲ/လက်ကျန် အခြေအနေများကို သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မြေပြင်ဖွင့်ဖောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

မြေပြင်စစ်ဆေးချက်များအရ နေပြည်တော် ၈ မြို့နယ် မဲရုံပေါင်း ၆၄၆ ရုံ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၉၉၄၇၅၁ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၆၈၇၉၀၃၊ ကျန်ရှိရမည့်အရေအတွက်မှာ ၃၀၆၈၄၈၊ မြေပြင်လက်ကျန် ၂၉၁၅၀၉ ဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသည်။

ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက်လျော့နည်းသော မဲလက်မှတ်အရေအတွက် ၁၆၉၀၀ ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၁၅၅၈ ဖြစ်သည်။ မြို့နယ်အလိုက် ဆန္ဒမဲလက်မှတ် များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရရှိနေခြင်းတို့ကိုတွေ့ရှိရသည်။ မဲဆန္ဒနယ်အလိုက် ဆန္ဒမဲများ သတ်မှတ်အရေအတွက်ဖြင့် ရိုက်နှိပ်ထားခြင်းဖြစ်ရာ အပိုတွေ့ရှိမှုသည် ဆန္ဒမဲလက်မှတ်များ တရားမဝင်ရိုက်နှိပ်သုံးစွဲကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသည်။ မြို့နယ်တစ်မြို့နယ်ချင်းအလိုက် စိစစ်တွေ့ ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 









ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ကွက်ကျေးရွာအလိုက် ထုတ်ယူရရှိခဲ့သည့် မဲလက်မှတ်မှာ ၉၆၂၀၀ ဖြစ်ပြီး သုံးစွဲခဲ့သည့် မဲလက်မှတ်အရေအတွက်မှာ ၆၇၁၇၅ ဖြစ်သည်။ လက်ကျန် ၂၉၀၂၅ ကျန်ရှိရမည်ဖြစ်သော်လည်း မြေပြင်တွင် ၂၃၀၆၄ သာကျန်ရှိသဖြင့် မဲလက်မှတ် ၅၉၆၁ စောင်ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရသည်။

မြို့နယ်ကြိုတင်မဲလက်မှတ်လက်ကျန် ၁၁၀ ဖြစ်ရမည်ဖြစ်သော်လည်း မြေပြင်စိစစ်တွေ့ရှိချက်အရ ၉၁ ဖြစ်သည့်အတွက် ၁၉ စောင်လိုအပ်သည်ကို စိစစ်တွေ့ရှိရပါသည်။

            ဒက္ခိဏသီရိမြို့နယ်တွင် ရပ်ကွက်ကျေးရွာအလိုက် ထုတ်ယူရရှိခဲ့သည့် မဲလက်မှတ်မှာ ၃၃၄၀၀  ဖြစ်ပြီး သုံးစွဲခဲ့သည့် မဲလက်မှတ်အရေအတွက်မှာ ၂၄၃၉၆  ဖြစ်သည်။ လက်ကျန် ၉၀၀၄ ကျန်ရှိရမည်ဖြစ် သော်လည်းမြေပြင်တွင် ၈၈၀၁ သာကျန်ရှိသဖြင့် မဲလက်မှတ် ၂၀၃ စောင် ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ ရှိရသည်။

            ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက်ကျေးရွာအလိုက် ထုတ်ယူရရှိခဲ့သည့် မဲလက်မှတ်မှာ ၈၃၅၀၅ ဖြစ်ပြီး သုံးစွဲခဲ့သည့်မဲလက်မှတ်အရေအတွက်မှာ ၆၈၈၂၂ ဖြစ်သည်။ လက်ကျန် ၁၄၆၈၃ ကျန်ရှိရမည်ဖြစ်သော် လည်း မြေပြင်တွင် ၁၄၂၄၅ သာကျန်ရှိသဖြင့် မဲလက်မှတ် ၄၃၈ စောင် ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရ သည်။ မြို့နယ်တွင် ကျန်ရှိရမည့် မဲလက်မှတ်အရေအတွက်မှာ ၃၇၇၄ ဖြစ်သော်လည်း မြေပြင်စစ်ဆေးတွေ့ရှိ ချက်အရ ၄၀၆၈ ဖြစ်သဖြင့် ၂၉၄ စောင် တရားမဝင်အပိုဖြစ်နေကြောင်း စိစစ်တွေ့ရှိရသည်။

            ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်ကျေးရွာအလိုက် ထုတ်ယူရရှိခဲ့သည့် မဲလက်မှတ်မှာ ၉၉၂၀၅ ဖြစ်ပြီး သုံးစွဲခဲ့သည့်မဲလက်မှတ်အရေအတွက်မှာ ၇၇၂၆၅  ဖြစ်သည်။ လက်ကျန် ၂၁၉၈၅ ကျန်ရှိရမည်ဖြစ်သော်လည်း မြေပြင်တွင် ၂၁၀၀၇ သာကျန်ရှိသဖြင့် ၉၇၈ စောင်ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရသည်။ မြို့နယ်တွင် ကျန်ရှိရမည့်မဲလက်မှတ်အရေအတွက်မှာ ၈၃၉၈ ဖြစ်ပြီး မြေပြင်စစ်ဆေးတွေ့ရှိချက်အရ ၉၃၀၉ စောင်ဖြစ် သဖြင့် ၉၁၁ စောင်တရားမဝင်အပိုဖြစ်နေကြောင်း စိစစ်တွေ့ရှိရသည်။

            ဥတ္တရသီရိမြို့နယ်တွင် ရပ်ကွက်ကျေးရွာအလိုက် ထုတ်ယူရရှိခဲ့သည့် မဲလက်မှတ် ၅၉၂၅၀ ဖြစ်ပြီး သုံးစွဲ ခဲ့သည့် မဲလက်မှတ်အရေအတွက်မှာ ၄၅၃၇၁ ဖြစ်သည်။ လက်ကျန် ၁၃၈၇၉ ကျန်ရှိရမည်ဖြစ်သော်လည်း မြေပြင်တွင် ၁၃၆၄၄ သာကျန်ရှိသဖြင့် မဲလက်မှတ် ၂၃၅ စောင် ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရသည်။

တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအလိုက် ထုတ်ယူရရှိခဲ့သည့် မဲလက်မှတ်မှာ ၁၉၄၇၅၀ ဖြစ်ပြီး သုံးစွဲ ခဲ့သည့် မဲလက်မှတ်အရေအတွက်မှာ ၁၂၇၆၁၈ ဖြစ်သည်။ လက်ကျန် ၆၇၁၃၂ ကျန်ရှိရမည်ဖြစ်သော်လည်း မြေပြင်တွင် ၆၀၃၂၈ သာကျန်ရှိသဖြင့် မဲလက်မှတ် ၆၈၀၄ စောင်ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရသည်။

မြို့နယ်ကြိုတင်မဲလက်မှတ်  ၁၆၄၇ စောင်ထုတ်ယူရရှိသော်လည်း ၁၆၅၀ စောင်သုံးစွဲထားသဖြင့် ၃ စောင် တရားမဝင်အပိုသုံးစွဲထားကြောင်း စိစစ်တွေ့ရှိရသည်။ မြို့နယ်တွင်ကျန်ရှိရမည့် မဲလက်မှတ်အရေအတွက်မှာ ၈၀၀၁ ဖြစ်သော်လည်း မြေပြင်စစ်ဆေးတွေ့ရှိချက်အရ ၈၀၄၆ စောင်ဖြစ်သဖြင့် ၄၅ စောင် တရားမဝင်အပို ဖြစ်နေကြောင်း စိစစ်တွေ့ရှိရသည်။

မြို့နယ်တွင် ကြိုတင်ဆန္ဒမဲလက်မှတ်လက်ကျန်၌ ဆန္ဒမဲပေးထားပြီးသူအမည်ပါရှိသည့် အသုံးမပြုရသေးသော ဆန္ဒပြုတံဆိပ်တုံးထုပြီး မဲလက်မှတ် ၂ စောင်တွေ့ရှိရသည်။

လယ်ဝေးမြို့နယ်တွင် ရပ်ကွက်ကျေးရွာအလိုက်ထုတ်ယူရရှိခဲ့သည့် မဲလက်မှတ် ၂၂၈၁၆၁ ဖြစ်ပြီး သုံးစွဲ ခဲ့သည့် မဲလက်မှတ်အရေအတွက်မှာ ၁၆၂၆၀၉ ဖြစ်သည်။ လက်ကျန် ၆၅၅၅၂ ကျန်ရှိရမည်ဖြစ်သော်လည်း မြေပြင်တွင်  ၆၅၂၇၈ သာကျန်ရှိသဖြင့် မဲလက်မှတ် ၂၇၄ စောင်  ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရသည်။

မြို့နယ်တွင် ကျန်ရှိရမည့်လက်မှတ်အရေအတွက်မှာ ၁၆၁၅၀ ဖြစ်သော်လည်း မြေပြင်စစ်ဆေးတွေ့ရှိချက်အရ ၁၆၃၅၀ ဖြစ်သဖြင့် မဲလက်မှတ်အစောင်ရေ ၂၀၀ တရားမဝင်အပိုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။ မြို့နယ်ကြိုတင်မဲလက်မှတ်ရွက်ရေ ၁၃၀၀ သာ ထုတ်ယူရရှိထားသော်လည်း ၁၄၀၈ ဦး ဆန္ဒမဲပေးထား သည့်အတွက် စာရင်းမပါ တရားမဝင်မဲလက်မှတ် ၁၀၈ ဦး ပိုမိုဆန္ဒပြုခဲ့ကြောင်း တွေ့ရှိသည်။

ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက်ကျေးရွာအလိုက် ထုတ်ယူရရှိခဲ့သည့်မဲလက်မှတ် ၁၄၅၇၅၀ ဖြစ်ပြီး သုံးစွဲ ခဲ့သည့် မဲလက်မှတ်အရေအတွက်မှာ ၁၀၄၈၁၈ ဖြစ်သည်။ လက်ကျန် ၄၀၉၃၂ ကျန်ရှိရမည်ဖြစ်သော်လည်း မြေပြင်တွင် ၃၈၉၄၄ သာ ကျန်ရှိသဖြင့် မဲလက်မှတ် ၁၉၈၈ စောင် ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Post a Comment

0 Comments