တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်း ကမ္ဘာ့အနိမ့်ဆုံးအဆင့်သို့ကျဆင်း

 


ဆိုး၊ ပြည်တွင်းရေး

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခြင်းကြောင့်အိမ်ထောင်ပြုမှုနှင့်  ကလေးယူမှုကျဆင်းနေစဉ်  ပြီးခဲ့သည့်နှစ်အတွင်း  တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းသည် ကမ္ဘာ့အနိမ့်ဆုံးသို့ ကျဆင်းသွားကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည့် စစ်တမ်းကောက်ယူချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် တောင်ကိုရီးယားနိုင်ငံရှိ အမျိုးသမီးတစ်ဦး၏ ကလေးမွေးဖွားမှုနှုန်းသည် သုည ဒသမ ၈၄ ရာခိုင်နှုန်းသာရှိကြောင်းနှင့် ယင်းပမာဏသည် ၂၀၁၉ ခုနှစ် စံချိန်တင်ကျဆင်းမှုဖြစ်သည့် သုည ဒသမ ၉၂ ရာခိုင်နှုန်းအောက် ထပ်မံကျဆင်းသွားခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစာရင်းအင်းရုံး၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ယခုကဲ့သို့ ကျဆင်းသည့် ကလေးမွေးဖွားမှုနှုန်းသည် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၀ ကျော်တွင် အနိမ့်ဆုံးလည်းဖြစ်သည်။

စက်မှုနိုင်ငံများဖြစ်သော အမေရိကန်၊ ဂျပန်နိုင်ငံတို့နှင့်နှိုင်းယှဉ်ပါက အမေရိကန်တွင် ကလေးမွေးဖွားမှုနှုန်း ၁ ဒသမ ၇၃ ရာခိုင်နှုန်းနှင့် ဂျပန်တွင် ၁ ဒသမ ၄၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်း အဆိုးဆုံးအခြေအနေအထိ ကျဆင်းခြင်းသည်  ပြီးခဲ့သည့်နှစ် တွင်  ပထမဆုံးအကြိမ် လူဦးရေကျဆင်းမှုဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည် တစ်နှစ်လျှင် ကလေးငယ်စောင့်ရှောက်ရေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ  ထောက်ပံ့ရေး အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုသော်လည်း အစိုးရ၏ကလေးမွေးဖွားမှုနှုန်း    ပြန်လည်မြင့်တက်ရေး စီမံကိန်းမှာ အောင်မြင်မှုမရှိကြောင်း သိရသည်။

နိုင်ငံ၏မြို့တော်ဖြစ်သော ဆိုးမြို့၌ ကလေးမွေးဖွားမှုနှုန်းသည် သုည ဒသမ ၆၄ရာခိုင်နှုန်းဖြစ်ပြီး  နိုင်ငံ အတွင်း၌  ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးအဖြစ် မှတ်တမ်းဝင်သည်။

Ref: CAN

Post a Comment

0 Comments