အရပ်သား ဆရာဝန်များနှင့် သူနာပြုများ မရှိ၍ ဆေးကုသရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်



နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ် ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ပြည်သူ့ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံတို့ရှိ  ဝန်ထမ်းများနှင့် လူနာရှင်များက  နယ်မြေခံတပ်ရှိ   တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက် ကုသပေးနိုင်ပါရန် အကူအညီတောင်းခံမှု ကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှတပ်နယ်များအလိုက် တပ်မတော်ဆေးရုံ မှတပ်မတော်သားပါရဂူများ၊ ဆရာဝန်များ နှင့် သူနာပြုများပါဝင်သော ဆေးကုသရေး အဖွဲ့အားစေလွှတ်၍ ရောဂါဝေဒနာခံစား နေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါဆေးရုံများ၌ တပ်မတော် ဆေးကုသရေး အဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆက်လက်ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ အနေဖြင့်လည်း အထူးပင် ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြောင်းသိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှု အခြေအနေများ၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ    ဒေသခံပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို   လိုက်လံကြည့်ရှုပြီး  လိုအပ်သည်များ     ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ကျောက်တံခါးမြို့နယ်၊ မြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်သော ဆေးဝါးများ ဝယ်ယူဖြည့်တင်းရန် အတွက် စေတနာရှင် အလှူရှင်များက အလှူငွေကျပ် ကိုးသိန်း အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။              

Post a Comment

0 Comments