မိဘပြည်သူများ အနေဖြင့် စိတ်အေးချမ်းသာယာစွာ နေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှုရှိစေရေး တို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေး ဆောင်ရွက်



နေပြည်တော်
  ဖေဖော်ဝါရီ  ၂၄

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏  လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် တပ်မတော်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ လုံခြုံရေးအား ပြည့်ဝစွာဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင်လည်း  မိဘပြည်သူများ အနေဖြင့် စိတ်အေးချမ်းသာယာစွာ  နေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာအေးချမ်း သာယာမှု ရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များ၌ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည့်ဝစွာ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး တာဝန်များကို ထမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments