စပါးအသင်းလေ့ကျင့်မှုများကို ကစားသမားများမကျေနပ်ဆိုသည့်သတင်း မော်ရင်ဟိုငြင်းဆိုပြီး နည်းပြရာထူး အပြည့်ရနေဆဲဖြစ်ကြောင်း ဖွင့်ဟ

 


လန်ဒန်၊ ဘောလုံး

စပါးအသင်းသည်  နောက်ဆုံးပရီးမီးယား လိဂ် ခြောက်ပွဲတွင် ငါးပွဲရှုံးခဲ့၍ နည်းပြမော်ရင်ဟို ရာထူးမှဖယ်ရှား ခံရတော့မည်ဟူသော သတင်းနှင့် အသင်းကစားသမားများက မော်ရင်ဟို၏နည်းစနစ်များနှင့် လေ့ကျင့်ပြင် ဆင်မှုများအပေါ် စိတ်ပျက်နေကြသည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး ယင်းတို့ကို နည်းပြ မော်ရင်ဟိုက  ငြင်းဆိုခဲ့ပြီး  မိမိအနေအထားသည် စပါးနည်းပြရာထူးကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ဖွင့်ဟပြောသည်။

မော်ရင်ဟို၏ နည်းပြဘဝတွင် လက်ရှိစပါး အသင်း၌ တွေ့ကြုံနေရသော ဆုတ်ယုတ်ကျဆင်းမှုသည် အဆိုးဆုံး အနေအထားသို့ရောက်နေကာ အသင်းအတွက် ပွဲ ၅၀ နည်းပြပေးရာတွင် ၈၁ မှတ်သာရခဲ့သဖြင့် ယခင်အသင်းများ၌ မကြုံခဲ့ဖူးသော ကျဆင်းမှုမျိုးနှင့်တွေ့ကြုံနေရသည်။ အက်ဖ်အေဖလားပွဲမှ ထွက်ခဲ့ရ သကဲ့သို့ ပရီးမီးယားလိဂ်တွင်လည်း အဆင့် (၉) နေရာရောက်နေပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရန်  ယူရိုပါလိဂ်ဖလားရမှသာ ဖြစ်နိုင်မည့် အနေအထားများကြောင့် ဘွတ်ကီဒိုင်များက မော်ရင်ဟိုသည် ထုတ်ပယ်ခံရမည့်ပရီးမီးယား လိဂ်နည်းပြအဖြစ်  အမြင့်ဆုံးအလေးပေးထား ကြသည်။

လက်ရှိဝေဖန် သုံးသပ်နေမှုများနှင့် ပတ်သက်ပြီး မော်ရင်ဟိုက “ဘုရားသခင်ကို ကျေးဇူးတင်ရမယ်။  ကျွန်တော်က အားလုံးသိတဲ့လူမျိုးမဟုတ်ခဲ့ဘူး။  အသင်းမှာ  မကျေနပ်လို့ပြောတာမျိုးလည်း လုံးဝမရှိပါဘူး။  ကျွန်တော်က နည်းပြဘဝမှာ အေးအေးဆေးဆေးနဲ့ စိတ်ကို ထိန်းချုပ်နိုင်ခဲ့တဲ့ နည်းပြတစ်ယောက်မဟုတ်ခဲ့ ဘူးလို့ထင်ရင် လက်ခံပေးနိုင်ပါတယ်။ ရလဒ်နဲ့ပတ်သက်လို့ကတော့ ဆိုးဆိုးရွားရွားမရှိခဲ့တဲ့အတွက် ပြဿနာ တွေရှိခဲ့တာက တခြားကိစ္စတွေသာဖြစ်တယ်။ ဂျာနယ်လစ်တွေလည်း အတွေ့အကြုံများလေ ဖြေရှင်း တတ်နိုင်မှုတိုးလေဆိုတဲ့အတိုင်း ကျွန်တော် ဒီအသင်းက အခက်အခဲတွေကို  ဖြေရှင်းနိုင်မှာပါ။ စပါး အသင်းအောင်မြင်မှုသမိုင်းမှာ ကျွန်တော်ပါဝင်နေမှာပါ။ ထောက်ခံမှုလည်းရနေဆဲပါပဲ” ဟု ပြောသည်။

Ref:Dailymail

Post a Comment

0 Comments