ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေး




နေပြည်တော်   ဖေဖော်ဝါရီ  ၂၄

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိတက္ကသိုလ် (၁၀)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။

ထိုသို့ ျှကမေညေအငညန ထားရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၂၉၃ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ COVID-19 ရောဂါနှင့်ပတ်သက်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments