နေပြည်တော် ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ
၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
နယ်မြေခံတပ်မတော်သားများက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်
အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး တစ်လျှောက်နှင့်
အငူမော်၊ ခမောင်းဆိပ် ကျေးရွာသွားလမ်းများအား တပ်မတော်သားများက မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 Comments