ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးရုံးများကို ဖျက်လိုဖျက်ဆီးပြုမူခဲ့သူများအား တရားဥပဒေအရအရေးယူ

 


နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်၊ ကျေးရွာအတွင်းရှိ အချို့သောကျေးရွာများတွင် ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးအားပျက်ပြားစေရန် ရည်ရွယ်ချက် ဖြင့် ရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ များခန့်အပ်မှုအား ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများအား ဖိအားပေးခြင်း၊ စီမံအုပ်ချုပ်ရေးရုံးများရှေ့တွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ် များဖြုတ်ချခြင်း၊ အဖျက်အမှောင့်စာများရေးသား၍ ရုံးအရှေ့တွင် ချိတ်ဆွဲခြင်း၊ ရုံးများအား နည်းလမ်း မျိုးစုံဖြင့်ပိတ်ဆို့ခြင်းများကို မင်းမဲ့စရိုက်ဆန်စွာ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်လာခြင်းကြောင့် ကျေးရွာ၊ ရပ်ကွက်နေပြည်သူလူထုများအနေဖြင့် ဥပဒေ၏ အကာအကွယ် မရရှိသည့်အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှုယန္တရား ယိုယွင်းမှုများ   ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရသဖြင့်  ရပ်ကွက်၊ ကျေးရွာနေ ပြည်သူလူထုနှင့် ရပ်မိရပ်ဖများ၏ တောင်းဆိုချက်များအရ အထက်ပါဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းမင်းနိုင်က တရားလိုပြုလုပ်၍ တမ္ပဝတီရပ်ကွက်မှ လှုံ့ဆော်သူများဖြစ်သော ဦးနေလင်းထွန်း၊ ဦးနန်းဝင်း ကိုနှင့် ဦးအောင်ချိတ်တို့သုံးဦးအား ချမ်းမြသာစည်မြို့နယ်၊ တရားရုံးတွင် ပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲ ဆောင်ရွက်ထားရှိကြောင်းနှင့် အလားတူဖြစ်စဉ်ကျူးလွန်ခဲ့သော ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက် ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းဝန်းကျင်ရပ်ကွက်နှင့် သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာအုပ်စု၊ ၄ မိုင်ကျေးရွာတို့ရှိ ရပ်ကျေးအုပ်ချုပ်ရေးရုံးတို့တွင် ဆူပူမှုဖြစ်ပေါ်အောင် လှုံ့ဆော်သူများနှင့် ဆူပူမှုတွင် ပါဝင် ပတ်သက်သူများကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၁၀၀)

Post a Comment

0 Comments