လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ NLD ပါတီ ထောက်ခံသူအချို့ ဦးဆောင်သည့်အဖွဲ့ကဝင်ရောက်၍ တာဝန်ဝတ္တရားများအားနှောင့်ယှက်

 





နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး စီးပွားနှင့် အုပ်ချုပ်ရေးလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများ အလိုက် အုပ်ချုပ်ရေးမှူးအသစ်များအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးလျက်ရှိရာ အချို့ရပ်ကွက်၊ ကျေးရွာများ၌ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ထိခိုက်စေရန် ရည်ရွယ်ချက်များဖြင့် လုပ်ငန်း တာဝန်ထမ်း ဆောင်မှုများကို ပျက်ပြားစေရန် ဆူပူဆန္ဒပြခြင်း၊ နှောင့်ယှက်ခြင်း၊ ကန့်ကွက်ရန်စခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီး စုကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ြီူ ပါတီ မြို့နယ်စည်းရုံးရေးမှူး ဒေါ်နန်းသန္တာဝင်း ဦးဆောင်သည့် ကျေးရွာနေ  လူအုပ်စုတစ်စုက ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်စိုးပိုင်(ဘ) ဦးမောင်မောင်ညွန့်အား အကြောင်းမဲ့အလိုမရှိကြောင်း ကြွေးကြော်သံများဖြင့် အော်ဟစ်ဆူပူခြင်း၊ ရန်စနှောင့်ယှက်ခြင်း၊ ပါရှိလာသည့် တုတ်၊ ဓား၊ လေးခွများဖြင့် ခြိမ်းခြောက်ခြင်း စသည့်တရားဥပဒေစိုးမိုးရေးပျက်ပြားစေသည်အထိ ဆောင်ရွက် လာမှုအပေါ် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရောက်ရှိနေသည့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ရပ်ကွက် နေပြည်သူ ဦးသန်းလွင်အပါအဝင် ရွာသား ၁၂ ဦးတို့က မခံရပ်နိုင်ဘဲ အပြန်အလှန်စကားများရန်ဖြစ်ကြရာ တုတ်၊ ဓား၊ လေးခွများဖြင့် ခိုက်ရန်ဖြစ်ပွားနေကြောင်းနှင့် ဦးသန်းလွင်ပါ ၁၂ ဦးအား ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးခန်း၌ပင် အကြမ်းဖက်လူအုပ်စုက အဓမ္မဖမ်းဆီးထားကြောင်း သတင်းရရှိသဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ဖျန်ဖြေခဲ့ရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်ဆူပူဆန္ဒပြသူများကြောင့် ရုန်းရင်းဆန်ခတ်မှုအတွင်း ရပ်ရွာတည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဦးလှိုင်မင်းအောင် (ဘ)ဦးခင်သိန်းတွင် ဦးခေါင်းချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဘယ်လက်ဖျံနာ ကျင်ဒဏ်ရာနှင့် ဦးဇော်ထက်(ဘ)ဦးမြင့်အောင်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှိုင်သာယာမြို့နယ်သည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် မြို့နယ်တစ်ခု ဖြစ်ပြီး ယင်းမြို့နယ်အတွင်း လူငါးဦး  သို့မဟုတ် ငါးဦးအထက်ပိုသောသူများ စုဝေးခြင်းမပြုရန်နှင့် လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည့် နေရာဖြစ် သဖြင့် ဆူပူအုံကြွသူများအား ဥပဒေအရအရေးယူနိုင်ရေးဆောင် ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက ရပ်ရွာအေးချမ်းသာယာရေးအတွက် နေ့ညမပြတ် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။       

(၁၀၀)

Post a Comment

0 Comments