နေပြည်တော် ဖေဖော်ဝါရီ
၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊
ကျိုင်းတောင်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ဒေသခံတိုင်းရင်းသား
ပြည်သူများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်း တွင်
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်နိုင်ဦးနှင့် တာဝန်
ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ လင်းခေးမြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့်
ဒေသခံပြည်သူများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင်
လင်းခေးတပ်နယ်မှ တာဝန်ရှိသူများက အာဟာရဖြည့်
စားသောက်ဖွယ်ရာများနှင့် COVID-19 Test
Kit များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
0 Comments