ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

ရခိုင်ပြည်နယ်အတွင်းရှိ  တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက  မိုင်းရှင်းလင်းရေး လုပ်ငန်းများ   ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  အမ်း-စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက်နှင့်  အငူမော်၊ ခမောင်းဆိပ်ကျေးရွာသွား လမ်းများအား တပ်မတော်သားများက    မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။        

Post a Comment

0 Comments