နေပြည်တော် ဖေဖော်ဝါရီ ၂၅
ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁
ရက်နေ့ များမှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များ၌ ဖေဖော်ဝါရီ ၂၂
ရက်တွင်ဈေးများ၊ စတိုးဆိုင်ခန်းများ အားလုံးဖွင့်လှစ်ရောင်းချခြင်း မပြုရန်ခြိမ်းခြောက် အကျပ်ကိုင်သည့် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ထိုသို့ ကောလာ ဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းလုံး မြို့နယ်အသီးသီးရှိဈေးများ၊
စတိုးဆိုင်ခန်းများမှာ မိမိတို့၏ မိသားစုစားဝတ်နေရေးအတွက် ပုံမှန်အတိုင်း အေးချမ်းစွာရောင်းဝယ်ဖောက်ကားလျက်ရှိကြသည်။
ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်များနှင့်ဘဏ်ခွဲများတွင်
ပင်စင်လာရောက်ထုတ်ယူကြမည့် အငြိမ်းစားဝန်ထမ်းများ လွယ်ကူ ချောမွေ့စွာ ထုတ်ယူနိုင်စေရန်အတွက်
သက်ဆိုင်ရာဘဏ်များ၌ လုံခြုံရေးများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပင်စင်လခစားအငြိမ်းစားဝန်ထမ်းများ
အဆင်ပြေချောမွေ့စွာ ဆက်လက်လာရောက်ထုတ်ယူလျက်ရှိ ကြောင်း သိရှိရသည်။ အငြိမ်းစားဝန်ထမ်းများ
အနေဖြင့် ပင်စင်လစာများ လစဉ် ၂၁ ရက် တစ်ရက်တည်း တွင်သာ စုပြုံထုတ်ယူခြင်းအစား လစဉ်
၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့်ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ်အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်းတို့ကို
အဆင်ပြေစွာ ဆက်လက်ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။
0 Comments