ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၊ ကျေးရွာအချို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

 





နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း   သွားလာမှုကန့်သတ်ချက်

များကြောင့်  ဒေသခံပြည်သူများ  စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်း လျက်ရှိသည်။

ယနေ့တွင်    ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊   လှော်ကားတာဆုံ၊ သာဓုကန်အပိုင်း(၆)၊ မိချောင်းဆိုင် ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရပ်ကွက်၊ ဘောဂရပ်ကွက်၊   မှော်ဘီမြို့နယ်၊   ရွာသစ်ပိုင်းကျေးရွာ၊   ပေတရာပိုင်းကျေးရွာ၊   ဝါးနက်ချောင်းကျေးရွာအုပ်စု(ရှမ်းပိုင်း)၊  သာယာကုန်းကျေးရွာ၊ သရက်တောပိုင်း၊ ဈေးရွာလယ်ပိုင်းကျေးရွာ၊ ဘိုတဲကုန်းပိုင်း ကျေးရွာ၊ ဝါးနက်ချောင်းအရှေ့ပိုင်း(၁/၂)၊ အင်းတိုင်ကျေးရွာ၊  ပျော်ဘွယ်ကျေးရွာတို့ရှိ  အိမ်ထောင်စု ၇၀၀၀ စုတို့အတွက် ဆန်နှင့်ဆီများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ကြသည်။

ထို့အတူ    မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊   စကားအင်းကျေးရွာအုပ်စု၊ ခင်လူးလေးကျေးရွာ၊ နွားတော်ကုန်း ကျေးရွာနှင့် ညောင်ဝန်းကျေးရွာတို့ရှိ အိမ်ထောင်စု ၆၀၉ စု တို့အတွက် ဆန်နှင့်ဆီများကို ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ  တာဝန်ရှိသူများက   ပြည်သူများ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments