ရွှေဘိုမြို့၌ ဆန္ဒပြလူအုပ်စုမှ ချုပ်နှောင်ရိုက်နှက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ အရပ်သားတစ်ဦး

ရွှေဘိုမြို့၌ ဆန္ဒပြလူအုပ်စုမှ ချုပ်နှောင်ရိုက်နှက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ အရပ်သားတစ်ဦး

ထိခိုက်ဒဏ်ရာရှိ

နေပြည်တော်၊ မတ်လ ၁ ရက်



၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ရွှေဘိုမြို့မရဲစခန်းမှ ရဲတပ်သား ဝင်းနိုင်ဦး သည် ၎င်း၏သူငယ်ချင်းဖြစ်သူ ကိုသက်ဦးမောင်၊ (၃၀)နှစ်၊ (ယခင်အထူးရဲတာဝန်ထမ်းဆောင်ဘူးသူ)၊ ဗမာ/ ဗုဒ္ဓ ၊ (ဘ) ဦးခင်မောင်မြင့်၊ မင်းကွန်းကျေးရွာ၊ ရွှေဘိုမြို့နယ်နေသူနှင့်အတူ ရွှေဘိုမြို့၊ (၄)ရပ်ကွက်၊ အထက(၃)ရှေ့သို့ အရပ်ဝတ် ဝတ်ဆင်လျက် နယ်မြေသတင်းသွားရောက်ယူဆောင်စဉ် ဆန္ဒပြလူစု (၂၀၀)ဦးခန့်က ရဲတပ်သား ဝင်းနိုင်ဦးနှင့် ကိုသက်ဦးမောင် တို့အား ဖမ်းဆီးကာ လက်ပြန်ကြိုးတုတ်၍ ဓာတ်တိုင်တွင်ချည်နှောင်ပြီး တုတ်ဖြင့်ရိုက်/ လက်သီးဖြင့်ထိုးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ရွှေဘို မြို့မရဲစခန်းမှူး ဦးစီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရပါသည်။

ဖြစ်စဉ်တွင် ဆူပူအော်ဟစ်ဆန္ဒပြသူများ၏ ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုကြောင့် ရဲတပ်သား ဝင်းနိုင်ဦး တွင် ဦးခေါင်းထိပ်/ ယာနှဖူး ဖူးယောင်၊ ဝဲလက်မောင်နာကျင်ဒဏ်ရာများ (မစိုးရိမ်ရ)နှင့် ကိုသက်ဦးမောင် တွင် ယာဂျိုစောင်း ၁လက်မခန့်ပေါက်ပြဲ၊ ဝမ်းဗိုက်/ ပေါင် နာကျင်ဒဏ်ရာများ (မစိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းအား မတရားဖမ်းဆီး ချုပ်နှောင်ရိုက်နှက်ခဲ့သူများအား စုံစမ်းဖော်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင် ရွက်သွားရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။


Post a Comment

0 Comments