မြန်မာ့အားကစားများအား စနစ်ကျပြီး အဆင့်မီသည့် အားကစားများဖြစ်စေရန် ကြိုးပမ်းအားထုတ်၍ အာဆီယံပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရန်အတွက် နယ်စပ်ဂိတ် အားလုံးနီးပါးအား ဖွင့်လှစ်ခွင့်ပြုထားပေးပြီးဖြစ်ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ပြီး အာမခံချက်ရှိသည့်လူမှုစီးပွား ဘဝရရှိစေရန် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် သွေးထိုးဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး အငြိမ်းချမ်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း၊ မလေးရှားနိုင်ငံတွင်ရောက်ရှိပြီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံ သားများအား မိမိတို့နိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၁၀၈၇ ဦးအား တပ်မတော်ရေယာဉ်များဖြင့် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ကျန်ရှိသူများအား ဆက်လက် ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ပြည်ပနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းသည် မိမိတို့ကောင်စီ၏ အောင်မြင်မှု တစ်ခုပင် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
0 Comments