မိတ္ထီလာမြို့နယ်၊ ရှမ်းတဲစံပြကျေးရွာရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာ များပေးဝေလှူဒါန်း

 မိတ္ထီလာမြို့နယ်၊ ရှမ်းတဲစံပြကျေးရွာရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာ များပေးဝေလှူဒါန်း


 


နေပြည်တော်၊ မတ် - ၁ 

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။ 

ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲစံပြကျေးရွာရှိ အိမ်ထောင်စုများအတွက် ဆန်နှင့်ဆီများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

Post a Comment

0 Comments