ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်




နေပြည်တော်   ဖေဖော်ဝါရီ   ၂၅

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင်  ဆွမ်းအဆင်ပြေ စေရေးအတွက်    တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက    တိုင်းစစ်ဌာနချုပ် များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့်  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို    ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လောက်ကိုင်မြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊   စာသင်တိုက်များနှင့် ဘာသာရေးကျောင်း စုစုပေါင်း ၃၁ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊   ကချင်ပြည်နယ်၊   ပူတာအိုမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊   လားရှိုးမြို့၊ လောက်ကိုင်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဖောင်းပြင်မြို့၊    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊   မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊  အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့်   သီလရှင်စာသင်တိုက်   စုစုပေါင်း  ၂၉ ကျောင်းရှိ သံဃာတော်များနှင့်    သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍   ဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင်  ကချင်ပြည်နယ်၊  မိုးညှင်းမြို့၊ ထီးလင်းကျောင်းတိုက်နှင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊  မဟာမုနိဗဟိုသာသနာပြုကျောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၊ တုန်ဟုန်းကျောင်းတိုက်၊ ပြည်ငြိမ်းအေး ကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သံဃာတော်များနှင့်   သာသနာနွယ်ဝင်သီလရှင်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments