ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)က ကြီးမှူးကျင်းပသော ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ်သြဝါဒါစရိယဆရာတော်များအား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုပွဲ အခမ်းအနားပြုလုပ်




 ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)က ကြီးမှူးကျင်းပသော ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ်သြဝါဒါစရိယဆရာတော်များအား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုပွဲ အခမ်းအနားပြုလုပ်


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

 ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)က ကြီးမှူးကျင်းပသော ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ်သြဝါဒါစရိယဆရာတော်များအား ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကလေးဝတောရကျောင်းတိုက်၌ပြုလုပ်ရာ ပိဋကသုံးပုံနိကာယ်စာသင်တိုက်၏ ပဓာန နာယက၊ မော်ကျွန်းဆရာတော် ရွှေရတုတိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန် ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းနှင့် အသင်းဝင်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မော်ကျွန်းဆရာတော် ထံမှ ငါးပါးသီလနှင့် သြဝါဒကထာခံယူကာ သံဃာတော်များက ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်သော ပရိတ်တရားတော် များ နာယူကြသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) ဥက္ကဋ္ဌ က အသင်းကြီး၏ ဆောင်ရွက်ချက်များကို လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ အောင်မင်းကျော်သူ က ဘွဲ့တံဆိပ်တော်များ ကပ်လှူရခြင်းအကြောင်းကို လည်းကောင်း လျှောက်ထားကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် YMBA  အသင်းမှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ့် YMBA အသင်း သြဝါဒါစရိယဆရာတော်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင့် YMBA အသင်းမှ တာဝန်ရှိသူများက လူပုဂ္ဂိုလ်များဆိုင်ရာ သာသနာပြု သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ချီးမြှင့်ခြင်းခံရသော ရန်ကုန်တိုင်းဒေသကြီး၊ YMBA အသင်း ဘဏ္ဍာရေးမှူးနှင့် မရမ်းကုန်းမြို့နယ့် YMBA အသင်းနာယက ဦးနေဝင်းမောင်အား  ထပ်ဆင့်ဂုဏ်ပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် YMBA အသင်းမှ တာဝန်ရှိသူများက သံဃာတော်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက နယ်လှည့်ဓမ္မကထိက ဓမ္မဒူတဆရာတော် ဘဒ္ဒန္တပညာဝရထံမှ အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသတင်း ရရှိသည်။

Post a Comment

0 Comments