ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၃၃ ဦးထပ်တိုး

 


နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၃၃ ဦးရှိကြောင်း သိရသည်။

(၂၃-၂-၂၀၂၁) ရက် ည ၈ နာရီမှ (၂၄-၂-၂၀၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁၁၂  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃ ဦးတွေ့ရှိရသည်။ သို့ဖြစ်ပါ၍  ယနေ့ အထိ  ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၈၆၂၀၆ ခုအားစစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၄၁၈၁၆  ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၄၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၁၄၀၅ ဦး ဆေးရုံမှဆင်း ခွင့်ရရှိပြီးဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံး အတိုင်း အတာဖြင့်ဆောင်ရွက်နေသည့် “ပါးစပ်နှင့်နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (mask and face shield campaign)” ၌ ပါဝင်သော ဆောင်ရွက်ရမည့်အချက်များကို တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစု စီမံချက်” အတိုင်း   COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။        

(၅၀၀)

Post a Comment

0 Comments