တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဈေးများ၊ စတိုးဆိုင်ခန်းများ ပုံမှန်အတိုင်း ရောင်း/ဝယ် ဖောက်ကားလျက်ရှိ၊ မြန်မာ့စီးပွားရေး ဘဏ်များနှင့် ဘဏ်ခွဲအသီးသီးတို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ အဆင်ပြေချောမွေ့စွာ ဆက်လက် ထုတ်ပေးလျက်ရှိ


နေပြည်တော် ဖေဖော်ဝါရီ  ၂၄

ဖေဖော်ဝါရီ ၂ဝ ရက်နှင့် ၂၁ ရက်နေ့များမှစ၍  တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များ၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဈေးများ၊ စတိုးဆိုင်ခန်းများ အားလုံး ဖွင့်လှစ်ရောင်းချခြင်း မပြုရန် ခြိမ်းခြောက် အကျပ်ကိုင်သည့် ကောလာဟလ သတင်း များထွက်ပေါ်ခဲ့ပါသည်။ ထိုသို့ ကောလာ ဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းလုံး မြို့နယ်အသီးသီးရှိ ဈေး များ၊ စတိုးဆိုင်ခန်းများမှာ မိမိတို့၏ မိသားစုစားဝတ်နေရေးအတွက် ပုံမှန်အတိုင်းအေးချမ်းစွာ ရောင်းဝယ် ဖောက်ကားလျက် ရှိကြသည်။

ထို့ပြင် မြန်မာ့စီးပွားရေး ဘဏ်များနှင့် ဘဏ်ခွဲများတွင် ပင်စင်လာရောက် ထုတ်ယူ ကြမည့် အငြိမ်းစားဝန်ထမ်းများ လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်စေရန် အတွက် သက်ဆိုင်ရာ ဘဏ်များ၌ လုံခြုံရေးများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပင်စင်လခစား အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ဆက်လက် လာရောက် ထုတ်ယူလျက်ရှိ ကြောင်း သိရှိရသည်။

အငြိမ်းစားဝန်ထမ်းများ အနေဖြင့် ပင်စင်လစာများ လစဉ် ၂၁ ရက် တစ်ရက်တည်း တွင်သာ စုပြုံထုတ်ယူခြင်း အစား လစဉ် ၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့်ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ်အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်းတို့ကိုအဆင်ပြေစွာ ဆက်လက် ထုတ်ယူနိုင်ကြောင်း သတင်းရရှိ သည်။                           

Post a Comment

0 Comments