ရွှေကျင်မြို့နယ်၊ ဒုံဇရစ်တိုက်နယ်ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများ CDM တွင် ပါဝင်ခဲ့သဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား တပ်မတော်မှ ကူညီဆောင်ရွက်


 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၆

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်တိုက်နယ်ဆေးရုံမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း အချို့သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစ၍ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို   ဆောင်ရွက်ခြင်းမပြုဘဲ CDM တွင်ပါဝင်၍   ဆေးရုံမှ ထွက်ခွာသွား သည့်အတွက်   ဒေသခံပြည်သူများ အနေဖြင့်  ကျန်းမာရေးအခက်အခဲများရှိသဖြင့် တာဝန်ရှိသူများမှ  တိုင်းစစ်ဌာနချုပ်သို့   အကူအညီ တောင်းခံလာသည့်အတွက် နယ်မြေခံတပ်မှ ဆေးအဖွဲ့များအား ဖေဖော်ဝါရီ ၂၃ ရက်တွင် စေလွှတ်ပေးပြီး ဒေသခံပြည်သူများ၏   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်စေခဲ့သည်။



အဆိုပါ တပ်မတော်ဆေးအဖွဲ့များက သွားရောက်၍ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးရာတွင် ဒေသခံပြည်သူများက   ပန်းစည်းများ၊ ဆိုင်းဘုတ်များကိုင်ဆောင်၍  ဝမ်းမြောက်ဝမ်းသာစွာဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြကြောင်း သိရှိရသည်။

အဆိုပါဒုံဇရစ်ကျေးရွာ၊   အမှတ်(၂)ရပ်ကွက်နေ ဒေါ်နှင်းမာလာသည် ကျန်းမာရေး မကောင်း၍ ဖေဖော်ဝါရီ ၁၅ ရက်တွင် အဆိုပါဆေးရုံသို့  သွားရောက်ပြသခဲ့ရာ တိုက်နယ်ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာသန်းနိုင်စိုးသည် ဆေးရုံပိတ်၍ CDM တွင်ပါဝင်ပြီး ဆေးရုံသို့ လာရောက်၍ ဆေးကုသမှုခံယူသူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ၎င်းအား ဒုံဇရစ်နယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားထားကြောင်း သတင်းရရှိသည်။  

Post a Comment

0 Comments