မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မင်္ဂလာသီရိကျေးရွာရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆

          COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံ ပေးဝေလှူဒါန်းလျက် ရှိသည်။

          ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာအုပ်စု၊  မင်္ဂလာသီရိကျေးရွာရှိ စားရေအခက်အခဲရှိသော အိမ်ထောင်စုများအတွက် ဆန်နှင့်ဆီများကို ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

         

Post a Comment

0 Comments