ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ် ကွပ်ကဲမှုအောက်ရှိ ရေတပ်များ၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲများ ပြုလုပ်

 



 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

 

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ် ကွပ်ကဲမှုအောက်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၊ ရေတပ်ပင်မတိုင်းတာရေးတပ်နှင့် ရေတပ်ပင်မပစ္စည်း ထိန်းတပ်များရှိ သတ်မှတ် နေရာ အသီးသီးတို့၌ပြုလုပ်ရာ သက်ဆိုင်ရာတပ်များမှ တာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


ဦးစွာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြ သူများက ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ဆုရရှိသော အသင်းများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments